iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူများနေ့ ရောက်ပြီပေါ့။

တစ်ချို့ က နှင်းဆီပန်းအခိုင်လိုက်ပေးကြတယ်။ တစ်ချို့ ကလဲ တသက်မှာ တစ်ယောက်ပဲ ချစ်မှာ ဆိုတဲ့ သဘောနဲ့ ပန်းတစ်ပွင့် လက်ဆောင်ပေးကြတယ်။ တစ်ချို့ ဆို Floral Shop တွေမှာ ၂ပတ်လောက် ကြိုတင်မှာထားရတယ်။

သေချာ စဉ်းစားကြည့်လိုက်ရင် အဲဒီပန်းတွေက နေ့မကူးသေးဘဲ ညှိုးမဲ့ဟာတွေ။ အဲဒီလို Romantic ဆန်တဲ့ လက်ဆောင်တွေပေးပြီး ကွဲကြပြဲကြတဲ့ စုံတွဲမှ တစ်ပုံကြီး။

ရင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး လေးစားတန်ဖိုးထားတတ်ရင် ဖေဖော်ဝါရီ ၁၄ တစ်ရက်ထဲ ချစ်သူများနေ့ မဟုတ်ပါဘူး။ နေ့တိုင်း ချစ်သူများနေ့ ဖြစ်လို့ရပါတယ်။

တကယ် လေးစားမြတ်နိုးတန်ဖိုးထားတယ် ဆိုတာ တစ်ဦးအတွက် တစ်ဦးအနစ်နာခံတတ်တယ်။ နားလည်မှုထားတယ်။ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘူး။ သက်သက်မဲ့ ဗိုလ်မကျဘူး။

ချစ်သူတွေမှာ တကယ်လိုတာ ပန်းမဟုတ်ဘူး။ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိဖို့နဲ့ ဂရုစိုက်မှုပဲ။

ကောင်မလေးကလဲ ကောင်လေးကို နားလည်မှုထားပေး။ ကောင်လေးက မအားလို့ပဲဖြစ်ဖြစ်၊ မတတ်နိုင်လို့ပဲဖြစ်ဖြစ် Romantic လက်ဆောင်မဝယ်ပေးနိုင်ရင် သူငါ့ကို ချစ်ရင် ပြီးတာပဲလေလို့ စိတ်ကိုထား။ သူများတွေလို ဝယ်မပေးရကောင်းလားဆိုပြီး ကိုယ်ချစ်သူကို စိတ်ညစ်အောင်မလုပ်နဲ့။

ကောင်လေးကလဲ ကောင်မလေးကို ဂရုစိုက်မှုပေး။ မိန်းမသားဆိုတာမျိုးက ပါးစပ်ကသာ ဟိုဟာလိုချင်လို့ပူဆာ၊ ဒီဟာလိုချင်လို့ ပူဆာပေမဲ့ စိတ်ထဲမှာ သူတို့ချစ်သူက သူတို့ကိုဂရုစိုက်တယ်လို့ ခံစားရရင် ကျေနပ်နေပြီးသားပဲ။

တကယ်ဆိုရင် ချစ်တတ်ဖို့ပဲ လိုတယ်။

ချစ်တဲ့သူတိုင်း ပျော်ရွှင်ကြပါစေ…

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top