iMyanmarHouse.com - Best Property Website for Myanmar
×














မိန်းကလေးတိုင်း ခြေတံသွယ်သွယ်စင်းစင်းလေး ပိုင်ဆိုင်ချင်ကြမှာပဲနော်..

ြေ ခြေတံစင်းစင်းသွယ်သွယ်လေး ဖြစ်သယောင် ထင်မှတ်မှားအောင် လုပ်နိုင်တဲ့နည်းလမ်းလေး (၃)ခုပါ။

၁ ။ ခါးထိတက်ဝတ်ရသောဘောင်းဘီများ ၀တ်ပါ။

 ဘောင်းဘီတော်တော်များများက ချက်အောက်နားက စ၀တ်ကြရတယ်နော်။ ပြီးရင်လည်း အပေါ်အကျီနဲ့ ဖုံးလိုက်ကြတာဆိုတော့ ပေါင်းရင်းတွေ၊ ခါးတွေက သိပ်မပေါ်ဘဲ ပျောက်နေတတ်တယ်။ ဒီနောက်ပိုင်း ခေတ်စားလာတာက ခါးထိတက်ဝတ်ရတဲ့ဘောင်းဘီတွေ… အဲ့လိုမျိုးဘောင်းဘီတွေဝတ်ရင် များသောအားဖြင့် အပေါ်အကျီကို ဘောင်းဘီထဲ ထည့်ဝတ်တတ်ကြတယ်လေ။ ဒါမှလည်း ဘောင်းဘီစတိုင်လ် ပေါ်မှာကိုး...ဒါမျိုး ဘောင်းဘီတွေက ပေါင်တံကို ပိုပေါ်လွင်စေပါတယ်.

၂။ဘောင်းဘီတိုအနားဒီဇိုင်းကိုကြည့်ပါ

ပေါင်တံပေါ်လွင်ဖို့ဆို ဘောင်းဘီတိုရဲ့ အနားဒီဇိုင်းကလည်း အရမ်းအရေးပါတယ်။ ပေါင်အတွင်းဘက်ပိုင်းကပိုရှည်ပြီး အပြင်ဘက်ပိုင်းရောက်တော့ တိုသွားတဲ့ ဘောင်းဘီအမျိုးအစားတွေကို ရွေးချယ်သင့်တယ်။ အနားနေရာက အဲ့လို “V-Shape” မဟုတ်ဘဲ တည့်တည့်ကြီးဆို ပေါင်တံကို အဲ့လောက်သိသာစေမှာ မဟုတ်ဘူး။

၃။ဒေါက်မြင့်စီးပါ။

အပေါ်ကအချက်တွေမပါရင်နေ.. ဒီတစ်ချက်တည်းနဲ့တင် ခြေထောက်အနေအထားနဲ့ ကိုယ်နေဟန်ထားကို အများကြီးပြောင်းလဲနိုင်တယ်။ ဒေါက်မြင့်ဝတ်ထားရင် လူကအရမ်း Smart ဖြစ်တယ်။ အမြဲမစီးနိုင်လည်း ပွဲလမ်းသဘင်အခမ်းအနားမျိုးမှာ စီးပေါ့… ကြွကြွရွရွလေးနဲ့ သိပ်လှနေမှာ  ဖြစ်ပါတယ်.


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top