iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဒီကမ္ဘာမှာ သင့်အတွက်ဆို အသက်တောင် စတေးရဲတဲ့ လူအနည်းဆုံး ငါးယောက် ရှိပါတယ်။

၂။ ဒီကမ္ဘာမှာ သင့်ကို ပုံစံအမျိုးမျိုးနဲ့ ချစ်တဲ့သူ အနည်းဆုံး ၁၅ယောက် တော့ရှိပါတယ်။

၃။ တစ်စုံတစ်ယောက်က အကြောင်းမဲ့ သက်သက် မုန်းနေတယ် ဆိုရင် အဲ့တာ သင့်ကို အားကျပြီး သင့်လို ဖြစ်ချင် နေလို့ပါ။

၎။ သင့်အပြုံး တစ်ပွင့်က မသိတဲ့ လူတစ်ယောက် ကိုတောင် ပျော်ရွှင်မှု ပေးနိုင် ပါတယ်။

၅။ "သင့်တစ်မျက်နှာ တစ်ကမ္ဘာ" လို့ထင်တဲ့သူ တစ်ယောက် ရှိနေပါတယ်။

၆။ တစ်စုံတစ်ယောက်က သင့်အတွက်ကြောင့် အသက်ဆက် ရှင်သန် နေရပါတယ်။

၇။ သင့်ရဲ့ တစ်စုံတစ်ယောက် အပေါ် ခံစားချက်ကို ဖွင့်ဟ လိုက်တဲ့ အခါ စိတ်မှာ ပေါ့ပါး သွားပါတယ်။

၈။ လောကကြီးက သင့်ကို ဥပေက္ခာ ပြုထားတယ်လို့ ခံစားရရင် လောကကြီးကို သေချာ ပြန်ကြည့် နေလိုက်ပါ။ တစ်ချိန်မှာ မင်းကပြန်ပြီး လောကကြီးကို ဥပေက္ခာ ပြုနိုင်မှာ သေချာပါတယ်။

၉။ ကိုယ်ပြုမိတဲ့ အမှားတိုင်းမှာ ကောင်းတာ တစ်ခုခုတော့ ပြန်ရရှိမှာပါ။

၁၀။ သင်တည်ရှိ နေတယ် ဆိုတာ မသိတဲ့ သူတစ်ယောက်က သင့်ကို ချစ်လာ တော့မှာပါ။

Credit: Myanmar Youth Media

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top