iMyanmarHouse.com - Best Property Website for Myanmar
×

ဆင်းရဲသားလေးတစ်ယောက်က ဗုဒ္ဓဘုရားရှင်ကို ချည်းကပ်ပြီး ဝမ်းနည်းစွာ မေးလိုက်တယ်။

ဆင်းရဲသား "အရှင်ဘုရား တပည့်တော် ဘာကြောင့် တအား ဆင်းရဲရတာလဲ"

မြတ်စွာဘုရား "ချစ်သား၊ ဆင်းရဲခြင်းရဲ့  အကြောင်းရင်းက ပေးကမ်းမှု မရှိလို့ပဲ"

ဆင်းရဲသား "အရှင်ဘုရား တပည့်တော်ကိုယ်တိုင် ဆင်းရဲ လွန်းလို့ ဘာမှ ပေးစရာ မရှိပါဘူး"

မြတ်စွာဘုရား "ချစ်သား၊ သင့်မှာ ပေးစရာတွေရှိပါတယ်"

ဆင်းရဲသား "အရှင်ဘုရား၊ တပည့်တော်မှာ တကယ် ဘာမှမရှိတာပါ"

မြတ်စွာဘုရား "ချစ်သား၊ နားထောင်

သင့်မှာ မျက်နှာရှိတယ် မဟုတ်လား၊ မြင်သူတိုင်းကို အပြုံးလေးတွေ ပေးလိုက်စမ်းပါ

သင့်မှာ ပါးစပ်ပါတယ် မဟုတ်လား၊ ဆုံတွေ့သူတိုင်းကို ချီးကျူးစကားတွေ၊ အားပေးစကားတွေ ပြော ပေးလိုက်စမ်းပါ

သင့်မှာ နှလုံးသားရှိတယ် မဟုတ်လား၊ တခြားသူတွေအတွက် စာနာသနားမှုတွေ ပေးလိုက်စမ်းပါ

သင့်မှာ မျက်လုံးရှိတယ် မဟုတ်လား၊ လူတွေနဲ့ အကြည့်ချင်းဆုံတိုင်း မေတ္တာတွေ ပေးလိုက်စမ်းပါ

သင့်မှာ လက်တွေ၊ခြေထောက်တွေရှိတယ် မဟုတ်လား၊ ခန္ဓာကိုယ်ကို အသုံးပြုပြီး တဖက်သားကို ကူညီလိုက်စမ်းပါ

ဒီလိုဆို ချစ်သား ဆင်းရဲဦးမလား?

ချစ်သား၊ တကယ်တော့ ငွေကြေးဆင်းရဲတာ တကယ်ဆင်းရဲခြင်း မဟုတ်သေးဘူး။ စိတ်ဓာတ်ဆင်းရဲပြီဆိုမှ တကယ်ဆင်းရဲတာ။ စိတ်ဓာတ်မြင့်မြင့်မြတ်မြတ်ထားပြီး လူတွေအကျိုးကို ဆောင်ရွက်နေရင် ချစ်သားဟာ ဆင်းရဲတဲ့သူ မဟုတ်ဘူး။"

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top