iMyanmarHouse.com - Best Property Website for Myanmar
×

ဝက်ခြံပေါက်လွန်းသူများအတွက် လွယ်ကူ ထိရောက် အကုန်အကျနဲတဲ့ နည်းလမ်းလေးပေးမယ်နော်…

လိုအပ်တာတွေကတော့ နနွင်းရယ်၊ သံလွင်ဆီရယ် ပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေက အိမ်က မီးဖိုချောင်မှာ အလွယ်တကူ ရှာလို့ရနိုင်ပါတယ်။

လုပ်နည်းကလည်း အလွယ်လေး။ နနွင်း လက်ဖက်ရည်ဇွန်း၁ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း၂ဇွန်းခန့်ကို ရောပြီး ပြစ်ပြစ်လေးဖြစ်အောင် မွှေပါ။

ထိုအရောကို ဝက်ခြံပေါ်မှာ ထူထူလေးလိမ်းပေးပြီး ၁၅မိနစ်ခန့်ထားပါ။

ပြီးမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဝက်ခြံအကြီးစားဆိုရင် ချက်ချင်း အရောင်ကျသွားပါလိမ့်မယ်။ သေးတယ်ဆိုရင် ချပ်သွားပါလိမ့်မယ်။

၁ရက်ခြား၁ခါလုပ်ပေးနိုင်ပါတယ်။ ဝက်ခြံကို လက်နဲ့ လုံးဝ မဖဲ့ပါနဲ့။ အမာရွတ်ကျန်ခဲ့ရင် မလှပဲ နေမှာစိုးလို့ပါ။

နနွင်းမှာပါတဲ့ ဆာလ်ဖာဓာတ်က ရောဂါပိုးတွေကို သေစေနိုင်ပါတယ်။ သံလွင်ဆီက အသားအရည်ကိုနုညံစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

ဘေးထွက်ဆိုးကျိုး (လုံးဝ) မရှိပါ။

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top