iMyanmarHouse.com - Best Property Website for Myanmar
×

အသားဖြူ ချင်သူများ အတွက် လွယ်ကူ ထိရောက် အကုန်အကျနဲတဲ့ နည်းလမ်းလေးပေးမယ်နော်…

လိမ္မော်သီးစားပြီးရင် အခွံကို လွှင့်မပစ်ပါနဲ့။

လိမ္မော်အခွံကို နေပူထဲ လှမ်းပေးပါ။

လုံးဝခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်စက်နဲ့ ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။

ပြီးရင် နွားနို့ (အစိမ်း) အနည်းငယ်နဲ့ ရောပြီး ပျစ်ပျစ်လေး ဖျော်ပါ။

မျက်နှာကို စင်အောင် သစ်ထားပြီး အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပါ။ လုံးဝ ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

လိမ္မော်သီးဟာ ဗိုက်တာမင်စီ ကြွယ်ဝတာကြောင့် သင့်အသားအရေကို စိုပြေဝင်းမွတ်စေမှာပါ။

နေ့စဉ် အသုံးပြုနိုင်ပြီး လက်တွေ၊ ခြေထောက်တွေ ဖြူချင်ရင်လည်း အသုံးပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး (လုံးဝ) မရှိပါ။

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top