iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များအားပိုမိုစားသုံးခြင်းသည်အမျိုးသမီးများတွင်ဆီးအိမ်ကင်ဆာရောဂါဖြစ်ပွားနိုင်မှုနှုန်းကိုလျှော့ချပေးနိုင်ကြောင်းအမေရိကန်နိုင်ငံရှိသုတေသီများကပြောကြားထားသည်။

ဟာဝိုင်ယီတက္ကသိုလ်မှသုတေသီများသည်၁၂နှစ်ခွဲကြာကာလအတောအတွင်းအရွယ်ရောက်ပြီးသူ၁၈၅,၈၈၅ဦးထံမှကျန်းမာရေးဆိုင်ရာအချက်အလက်များကိုစုဆောင်း၍လေ့လာဆန်းစစ်မှုများကိုပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင်ဖော်ပြခဲ့ကြောင်းဆင်ဟွာသတင်းဌာနကထုတ်ပြန်ထားသည်။သုတေသီများသည်ဆီးအိမ်ကင်ဆာရောဂါဖြစ်ပွားရန်အလားအလာရှိသောအမျိုးသမီး၁၅၂ဦးနှင့်အမျိုးသား၄၂၉ဦးတို့အားရောဂါရှာဖွေဖော်ထုတ်ခဲ့ကြသည်။ထို့နောက်ကင်ဆာရောဂါနှင့်ဆက်နွှယ်သည့်ပြောင်းလဲမှုအမျိုးမျိုးကိုချိန်ကိုက်ထိန်းညှိရာမှအသီးအနှံနှင့်ဟင်းသီးဟင်းရွက်အများဆုံးစားသောအမျိုးသမီးများသည်ဆီးအိမ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းအနည်းဆုံးဖြစ်သည်ကိုတွေ့ရှိခဲ့ကြသည်။

အ၀ါ-လိမ္မော်ရောင်ရှိသောဟင်းသီးဟင်းရွက်အများဆုံးစားသုံးသူအမျိုးသမီးများသည်အဆိုပါဟင်းသီးဟင်းရွက်များအားအနည်းဆုံးစားသုံးသူအမျိုးသမီးများနှင့်နှိုင်းယှဉ်ပါကဆီးအိမ်ကင်ဆာရောဂါဖြစ်ပွားမှု၅၂ရာခိုင်နှုန်းပိုနည်းကြောင်းသုတေသီများကပြောကြားထားသည်။

ထို့ကြောင့်ဗီတာမင်အေ၊စီ၊အီးအများဆုံးစားသုံးသည့်အမျိုးသမီးများသည်ဆီးအိမ်ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်အနည်းဆုံးဖြစ်ကြောင်းဖော်ပြပါလေ့လာချက်အားအကြံပြုထားသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top