iMyanmarHouse.com - Best Property Website for Myanmar
×

ဘုန်းဘုန်းက ပြောပါတယ် ..

သူ ငယ်ငယ်ကလေးဘဝတုန်းက .. သူ့ မှာ မောင်နှမ ၁၀ ယောက်ရှိပါသတဲ့ ..
သူ သိတတ်တဲ့ အရွယ်ကစလို့ ..
သူ့ အဖေ နဲ့ အမေ ဟာ တချိန်လုံး တကျက်ကျက် နဲ့ ရန်ဖြစ်နေကြပါသတဲ့ ..
တချိန်လုံးရန်ဖြစ်နေတဲ့ အဖေ နဲ့ အမေကြား ..
မိဘ နဲ့ ညီအကိုမောင်နှမတွေကြား …
သားအကြီးဆုံးတယောက် အနေနဲ့ သူ တော်တော် ကို စိတ်ညစ်ခဲ့ရပါသတဲ့ ..

ဒါနဲ့ သူက မေးပါသတဲ့ ..
အမေ .. အမေ နဲ့ အဖေ က ဘာလို့ တချိန်လုံး တကျက်ကျက် နဲ့ ရန်ပဲဖြစ်နေကြရတာလဲပေါ့ ..
အဲဒီအခါ အဖေ ရော အမေရော က အဖြေတခုတည်း ကို တူတူပေးကြပါသတဲ့ ..
" အေး .. ငါတို့ က သတ်ဖော် သတ်ဖက်တွေ " တဲ့ ..
ဒါ သူ လူဘဝတုန်းကပေါ့နော် ..

ဘုန်းဘုန်း က ဆက်ပြောပါတယ် ..
တကယ်တော့ ရန်ဖြစ်တယ် ဆိုတာ .. အပြစ်မြင်တာကြောင့်ဖြစ်ကြရတာပါ တဲ့ ..

လူတိုင်းကိုယ်စီ အပြစ်တွေလုပ်ကြတာချင်းတူတူ ..

ဘာလို့ ကိုယ့် လင် .. ကိုယ့် မယား .. ကိုယ့် သား .. ကိုယ့်သမီး ..

ကိုယ့် မိတ်ဆွေတွေကိုမှ အပြစ်မြင်ကြတာလဲ .. တဲ့ ..

ဘာလို့ လဲ သိလား ..

သူတို့ ကို ကိုယ် က တစိမ်းတွေထက်ပိုချစ်လို့ ပါ .. တဲ့ ..

ပိုချစ်တော့ .. အပြစ်ဆိုတာ ပိုမြင်ပါတယ် .. တဲ့ ..

အပြစ်ဆိုမှတော့ မကောင်းတာပေါ့ ..

မကောင်းတာကို လူတိုင်းကိုယ်စီ လုပ်နေကြတာချင်းတူတူ ..

ကိုယ်ချစ်တဲ့သူတွေ က လုပ်နေတာကို ပိုမြင်တတ်ပါတယ် ..

ဒါတွေကို လုပ်ရင်မကောင်းဘူး ..

သူမကောင်းတာလုပ်နေတာကို မလုပ်စေချင်ဘူး ..

ဒီတော့ တားကြတယ် ဆီးကြတယ် ..

ဒီတော့ သတ်ကြတယ် .. ရန်ဖြစ်ကြတယ်

ဒါ ချစ်လို့ ပေါ့ .. တဲ့ ..

ဒီတော့ လင်မယားသတ်တယ် ဆိုတာ ချစ်လို့ သတ်ကြတာပါ .. တဲ့ ..

သတ်ဖော် သတ်ဖက်တွေဖြစ်ရတယ် ဆိုတာ တကယ်တော့ ကောင်းပါတယ် .. တဲ့

ချစ်လို့ အပြစ်မြင်တာပါ .. တဲ့ ..
အဲ .. မြင်လာတဲ့ အပြစ် ကို ပြင်ကြဖို့တော့လိုတာပေါ့လေ .. တဲ့

တဖြေးဖြေးနဲ့ ကြာလာပြီး ..
ဘုန်းဘုန်း ၁၀ ဝါလောက်ရောက်လာတော့ ..
သူ့ အဖေ နဲ့ အမေ က ရန်မဖြစ်ကြတော့ပါဘူး" .. တဲ့

ဒါနဲ့ ဘုန်းဘုန်းက .. သူ့ အမေ ကို ..
မယ်တော် .. ခုကျတော့ ဘာလို့ ခမည်းတော် နဲ့ အရင်ကလို မသတ်ကြတော့တာလဲ လို့ မေးမိသတဲ့ ..

ဒါနဲ့ သူ့ မယ်တော် က ဘယ်လိုပြန်ဖြေသလဲ ဆိုရင် ..

" အေး .. အရင်ကတော့ သတ်ဖော် သတ်ဖက် ဆိုတော့ တချိန်လုံး သတ်နေကြတာပေါ့လေ ..
ခုတော့ ဦးဇင်း ရဲ့ ခမည်းတော် က တပည့်တော် ကလေးတွေရဲ့ အဖေ ဆိုတော့
ရန်မဖြစ်တော့ပါဘူး " တဲ့ ..

ခမည်းတော် ကို မေးတော့လဲ .. မယ်တော် နဲ့ တလေသံတည်းပါပဲ .. တဲ့ ..
" ဦးဇင်း မယ်တော် က .. ကလေးတွေရဲ့ အမေ ဆိုတော့ ရန်မဖြစ်ချင်တော့ပါဘူး .. " တဲ့

ကဲ … ဘာကွာသွားသလဲ တဲ့ ..
လူ ပြောင်းသွားတာလား .. တဲ့ ..
လူမပြောင်းဘူးနော် ..
စိတ် .. စိတ်
စိတ်ပြောင်းသွားတာပါ .. တဲ့ ..

ကဲ … လင်းလင်းတို့ချစ်သုတို့ ရော ..
သတ်ဖော် သတ်ဖက် ဖြစ်ချင်ကြသလား ..တဲ့

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top