iMyanmarHouse.com - Best Property Website for Myanmar
×

လူနှစ်မျိုးကို ကျွန်တော်လေးစားတယ်....
ငယ်ရွယ်ချိန်တုန်းက ယောက်ျားကိုအဖော်ပြုပြီး ဘဝကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်တဲ့မိန်းမနဲ့ ချမ်းသာကြွယ်ဝလာချိန်မှာ မိန်းမကိုအဖော်ပြုပြီး နေ့ရက်ကောင်းတွေကို ဖြတ်ကျော်တဲ့ယောက်ျားဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်ဝေးဝေးရှောင်တယ်...
ခွင်ကောင်းပြီဆို လက်ဝင်ပါတတ်တဲ့လူနဲ့ အခက်အခဲနဲ့ကြုံပြီဆို ရှောင်ပုန်းတတ်တဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်သတိရတယ်...
အခက်အခဲကြုံချိန် အချင်းချင်းရိုင်းပင်းကူညီတဲ့ချစ်သူနဲ့ အချင်းချင်းအပေါ် သစ္စာရှိ ရိုးသားတဲ့သူငယ်ချင်းဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်ငြင်းဆန်တယ်....
အလုပ်နဲ့ပတ်သက်ပြီး ကိုယ်ကျင့်တရားပျက်ပြားတဲ့လူနဲ့ အလုပ်လုပ်တဲ့အခါ အမှန်တရား မရှိတဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်တာဝန်ယူတယ်...
ကျွန်တော့်ကို မွေးတဲ့လူနဲ့ ကျွန်တော်က မွေးတဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်တန်ဖိုးထားတယ်...
စိတ်ထဲကနေ ကျွန်တော့်ကို သတိရတဲ့လူနဲ့ ကျွန်တော့်ကို တကယ်သတိတရရှိတဲ့လူဖြစ်တယ်။

*** Mo Yan ၂ဝ၁၂ခုနှစ် စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ

Credit: U Aung Than

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top