iMyanmarHouse.com - Best Property Website for Myanmar
×










သားအမိနှစ်ယောက် စကားပြောနေကြတယ်။

အမေ- သားရေ အမေ့ရဲ့မျက်စိနှစ်ဖက်က ကန်းသွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။


သား - အမေ့ကို ကမ္ဘာပေါ်ကအကောင်းဆုံးဆေးရုံကြီးကိုခေါ်ပြီး အထူးဆရာဝန်တွေနဲ့ ပြန်ကုသပေးမှာပေါ့။



အမေ- အမေ့မျက်လုံးတွေက ကုလို့မရတော့ရင်ကောသား။


သား - ဒါဆိုလည်း အမေ့ကို သားတစ်သက်လုံး လုပ်ကျွေးသွားမှာပေါ့။


အမေက သားအဖြေကြောင့် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပါတယ်။


သား - ဒါဆို တကယ်လို့ သားက မျက်စိနှစ်ဖက်စလုံး မမြင်ရတော့ဘူးဆိုရင်ကော အမေဘာလုပ်မလဲဟင်။


အမေ- သားသာ မျက်စိမမြင်ရတော့ဘူးဆိုရင် သားမျက်စိပြန်မြင်ရအောင်    အမေ့မျက်လုံးတွေ ဖောက်ထုတ်ပြီး ပေးလိုက်မှာပေါ့ သားရယ်။


( အမေက သားကိုဖြေလိုက်တဲ့စကားထဲမှာ မိဘရဲ့ စေတနာမေတ္တာ ဂရုဏာတွေအပြည့်ပါနေပါတော့တယ်။)


Credit  : ဘ၀ကိုပြောင်းလဲစေနိုင်သောအတွေးအခေါ်များ 

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top