iMyanmarHouse.com - Best Property Website for Myanmar
×














ခုလက်ရှိ ဒါရိုက်တာညိုမင်းလွင် မင်းသားနေမင်းတို့နဲ့အတူ ဇာတ်ကား
ရိုက်ကူးနေတဲ့ သရုပ်ဆောင် အိချောပိုကို သူမရဲ့ ဖက်ရှင်အကြောင်းနဲ့ အလှအပ ထိန်းသိမ်းမှုဆိုင်ရာ အပိုင်းတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ဖက်ရှင်ကတော့ အိချောအရမ်းစိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်လုပ်နေတဲ့အတွက် အ၀တ်အစားကအစ တစ်ကိုယ်လုံးကို ဆင်ယင်ရတာဆိုတော့ ခေါင်းစခြေဆုံး ပရိသတ်အတွက် အကောင်း
ဆုံးဖြစ်အောင် ပြင်ဆင်ဖြစ်တယ်။ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ လေ့လာ
မှုတွေအနေနဲ့ဆိုရင် နိုင်ငံခြားက ဖက်ရှင်တွေကို လေ့လာဖြစ်တယ်။

ကတ်တလောက်တွေ ကြည့်တယ်။ ဖက်ရှင်Channel တွေကြည့်ဖြစ်တယ်။ ဖက်ရှင်ကိုကြိုက်တယ်ပေါ့နော်။ ၀ယ်နေကျ ဆိုင်ရယ်လို့တော့အတိအကျ
မရှိဘူး။ ကိုယ်ကြိုက်ရင် တွေ့တဲ့နေရာမှာ ၀ယ်ဖြစ်တာမျိုးလဲရှိတယ်။ အမေနဲ့တော့ တိုင်ပင်ဖြစ်တယ် ။ မိတ်ကပ်ဆရာနဲ့လဲတိုင်ပင်ဖြစ်တယ်။ အသိဆိုင်မှာ မှာထားတာမျိုးလဲ ရှိတယ်။ လာပို့ပေးတယ်။

အရမ်းကပ်နေတဲ့အခါမျိုးတွေကျရင် မှာထားတဲ့ ဆိုင်ကအကျီင်္တွေပဲ ၀တ်ဖြစ်တယ်။’ လို့ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဖွင့်ဟသွားပါတယ်။

ဆံပင်နဲ့ပတ်သတ်ပြီးတော့လည်း သူမက ‘အိချောက အခုဆံပင်အရှည် မဟုတ်တော့ သိပ်တော့မပူရတော့ဘူး။ အတုစွပ်တဲ့အခါ စွပ်တယ်။ အမေ့ဆံပင်ကို ညှပ်ပြီး ချုပ်ထားတဲ့ဟာတွေ ၀တ်တယ်။ ဆံပင်အစစ်နဲ့
ရိုက်တာမျိုးတွေလဲ ရှိတယ်။ ဆံပင်ပုံပြောင်းရင် အိချောက ပုံပါပြောင်း
သွားတယ်။

ဆံပင်ပုံကို ကာရိုက်တာနဲ့လိုက်အောင်အမြဲပြင်ဆင်ဖြစ်ပါတယ်။ မိတ်ကပ်က မောင်ခိုင်ခင်စန်းဝင်းနဲ့ ပြင်ပါတယ်။ အလှအပပိုင်းကတော့ လိုးရှင်းမှန်မှန် လိမ်းဖြစ်တယ်။ အသားအရေက မီးထိုးမှန်ထိုးဆိုတော့ အပူဒဏ်ခံနိုင်တဲ့ ဟာတွေလိမ်းဖြစ်တယ်။

အိချောတို့ကကျတော့ သာမန်လူတွေထက်စာရင် အသားအရေ ပိုပျက်စီးလွယ်တာပေါ့နော်။ နေဒဏ်၊ မီးဒဏ်၊ မီးထိုး၊မှန်ထိုးဆိုတော့ သာမန်လူတွေထက်ပိုပြီး ဂရုစိုက်ရပါတယ်’တဲ့။

Credit  : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top