iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ်များကြတဲ့ လူငယ်တွေ၊ မိဘနဲ့အတူမနေတဲ့ လူပျိုလူလွတ်တွေဟာ အချိန်ကုန်လည်း သက်သာ၊ ငွေကုန်လည်း သက်သာတဲ့ ခေါက်ဆွဲခြောက်ထုတ်များကို အများဆုံးစားကြတာကို တွေ့ရပါတယ်။

အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည်။

ဒါကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် ဆံပင်များလည်း ကျွတ်စေနိုင်ပါတယ်။  သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ပါ။

အချိန်မရလို့ ခေါက်ဆွဲခြောက်ကို စားသုံးရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော ပြုတ်ပြီးမှ စားသုံးဖို့ အကြံပြုလိုပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်ပါကင်ဗူးထဲကို ရေနွေးဖျောပြီး စားခြင်းမှ အထူးရှောင်ပါရန်လည်း ထပ်မံသတိပေးလိုက်ပါတယ်။

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top