iMyanmarHouse.com - Best Property Website for Myanmar
×

"ဦးလန်ဘားနော်  ဒီနေ့  ကောင် မလေးတွေနဲ့တွေ့တော့  လမ်း လျှောက်  တာခြေလှမ်းတွေ ပိုသွက် နေတယ်"ကျွဲမက  လန်ဘားကို ကျီစယ်  စကားပြောတယ်။

"ဟုတ်တယ်ဟ၊ စိတ်ကိုက အ လိုလိုတက်ကြွနေတာ"

သူငယ်ချင်းတွေအားလုံး ပြိုင်  တူရယ်မောကြတယ်။

"စိတ်ဓာတ်ခွန်အားပေါ့၊ဟုတ် ဘူးလား"

လန်ဘားက ရွှီးကိုမေးတယ်။ ရွှီး  က   ပြုံးပြီး  ခေါင်းညိတ်တယ်။

"တစ် ခါက ကျောင်း သား ကောင်လေးတစ်ယောက်ရှိတယ်၊ အားကစားကွင်းကို  ပုံမှန်လာပြီး   လေ့ကျင့်ခန်းဆင်းတယ်၊ ဒါပေမဲ့  ဘောလုံးလက်ရွေးစင် ၁၁ ယောက်  ထဲတော့  သူက ဘယ်တော့မျှမပါရ ဘူး"

ရွှီးကဆိုင်းမဆင့်ဗုံမဆင့်  ပုံပြင် စ  ပြောတယ်။

"ကောင်လေး  လေ့ကျင့်နေရင်  သူ့အဖေက ဘောလုံးကွင်းပွဲကြည့် စင်တစ်နေရာ  ခပ်ဝေးဝေးက  ထိုင် ရင်း  စောင့်နေလေ့ရှိတယ်"

"သူ့သားလေး ကစားတာ လာ စောင့်ပေးနေတာပေါ့"

"ဒီလိုနဲ့ အားကစားပြိုင်ပွဲကြီး  စတင်ချိန်ရောက်လာတယ်၊ လေး ရက်မြောက်တဲ့အထိ ကောင်လေး  ပေါ်မလာဘူး၊ သူတို့ဘောလုံးအ  သင်းကတော့  ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်  အဆင့်ဆင့်ဖြတ် ကျော်ပြီး  ဖိုင်နယ်တက်သွားပြီ"

"တယ်ဟုတ်ပါလား"

"ဖိုင်နယ်ကစားမယ့်နေ့မှာ  ကောင်လေးရောက်လာပြီး  ဘော  လုံးအသင်းအုပ်ချုပ်သူကို တွေ့ တယ်၊ သူ့ကို တစ်လျှောက်လုံး  အ ရန်လူအဖြစ်ပဲ ထားခဲ့တယ်၊ ဖိုင် နယ်ကန်တဲ့နေ့မှာတော့  သူ့ကို  ဝင် ကစားခွင့်ပေးပါ  လို့  တောင်းဆို တယ်"

"ဖြစ်ပါ့မလား၊ အရန်လူက  ဖိုင် နယ်မှာ  တက်ကန်ဖို့"

"အသင်းအုပ်ချုပ်သူကလဲ ခွင့် မပြုနိုင်ဘူး လို့ပဲ  ပြော တယ်၊ သူ့  ထက်တော်တဲ့ ကစားသမားတွေရှိ တယ်လို့လဲ ရှင်းပြတယ်၊ ပြီးတော့  ယခု ကစားမယ့်ပွဲက နောက်ဆုံး  ဗိုလ်လုပွဲ၊ သူ  မစွန့်စားနိုင်ဘူးလို့ပဲ  အုပ်ချုပ်သူက  ပြန်ပြောပြတယ်"

"ဒါ  အမှန်ပဲ"

"ကောင်လေးကတော့  အနူး အညွတ်ရှိခိုးခယတောင်းပန်တယ်၊  သူ့  ကို  က  စား  ခွင့်  ပေး  ပါ၊   သူ  အ ကောင်းဆုံး  ကြိုစားကစားမှာပါလို့  အသနားခံပြီး  ပြောတယ်"

"သူလဲ  သူ့ကျောင်းဂုဏ်ကို  ဆောင်ချင်မှာပေါ့"

"အသင်းအုပ်ချုပ်သူဟာ  ယခု လောက်  အသနားခံ တောင်းပန် တာမျိုးကို  တစ်ခါမျှ  မကြုံဖူးဘူး၊ ဒါ ကြောင့်  ကစားခွင့်ပေးလိုက်တယ်၊  ဒါပေမဲ့  ယခုလိုခွင့်ပြုရတာက  သိပ်  စွန့်စားလွန်းရာကျသလို  သူ့သိက္ခာ  ကို  မချဖို့လဲ  ကောင်လေးကို ပြော တယ်"

"တော်တော်စွန့်စားရတာပဲ"

"ဘောလုံးပွဲစတာနဲ့  ကောင် လေးဟာ  အသားကုန်ကစားတော့ တာပဲ၊ ဘောလုံးသူ့ခြေထဲရောက်  တာနဲ့  မြင်းရိုင်းတစ်ကောင်လို  တွန်း  တွန်းတိုက်တိုက်  ဂိုးဆီ သယ်သွား ပြီး  ဂိုးသွင်းလိုက်တယ်၊ ကစားပွဲ တစ်  ခု  လုံး  မှာ   ကောင်  လေး ဟာ အကောင်း  ဆုံး  က  စား  သ  မား  တစ်  ယောက်  ဖြစ်သွားတယ်၊ သူတို့အ  သင်းဟာ   လက်ဖျားခါလောက်  အောင် အောင်ပွဲဆင်သွားတယ်"

"တယ်ဟုတ်ပါလား"

"ဘောလုံးပွဲပြီးသွားတော့  အ  သင်းအုပ်ချုပ်သူက  အားရဝမ်းသာ  ကောင်လေးရှိရာကို  ပြေးသွားပြီး  သားကစားပုံ  သိပ်ကောင်းတာပဲ၊ ဒါလောက်ကောင်းတာ  တစ်ခါမျှ  မမြင်ဖူးဘူး၊ ဘယ်လိုကစားလိုက်  တာလဲ သားရယ်လို့  ပြောတာပေါ့"

"စွန့်စားရကျိုးနပ်သွားတာပေါ့"

"ကောင်လေးက  ဒီနေ့  ကျွန်  တော်  ကစားပုံကို  ကျွန်တော့်အဖေ က     စောင့်ကြည့်နေတယ်လေ  လို့  ပြန်ဖြေတယ်၊ အသင်းအုပ်ချုပ်သူ  က  ပွဲကြည့်စင်တွေဆီ ဟိုဟိုသည် သည်  လိုက်ကြည့်တယ်၊ ကောင်  လေးရဲ့အဖေ  ထိုင်နေကျနေရာကို  လဲ ကြည့်တယ်၊ ဒါပေမဲ့မတွေ့ရ ဘူး"

"မလာတာ ကောင်လေးမသိ ဘူး  ထင်တယ်"

"အုပ်ချုပ်သူက  သားအဖေ ထိုင်နေကျနေရာမှာ  မမြင်ပါဘူးလို့  ပြောလိုက်တယ်၊အဲဒီတော့  ကောင်  လေးက  သူ ပြောမပြတာ  တစ်ခုရှိ တယ်တဲ့"

"ဘာလဲ"

"သူ့အဖေဟာ  မျက်စိမမြင်ပါ  ဘူးတဲ့"

"ဟင်၊ မမြင်ရဘဲ  ကလေးကို  လာအားပေးတာ"

"လွန်ခဲ့တဲ့လေးရက်ကပဲ အဖေ  ကွယ်လွန်သွားပါပြီ၊ဒီနေ့တော့ ကျွန်တော် ကစားတာကို  အဖေက  အထက်က စောင့်ကြည့်လို့  မြင်နိုင်  မယ့်  ပထမဆုံးနေ့လေတဲ့"

"အရင်ကတော့  သူကစားတာ  သူ့အဖေ  မမြင်နိုင်ပါဘူးလေဆိုပြီး  ကောင်လေးသိပ်မကြိုးစားလို့အ ရန်လူပဲဖြစ်နေတာဖြစ်မယ်၊ ဒီနေ့  တော့  သူ့အဖေမြင်တွေ့မှာပဲဆိုတဲ့   စိတ်နဲ့  ကြိုးစားပမ်းစားကစားတာ ကြောင့်အောင်မြင်တာပဲ"

Credit: ဖေလင်းသစ်

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top