iMyanmarHouse.com - Best Property Website for Myanmar
×

မွေးကတည်းက အသက်ရှင်သရွေ့  မနားမနေ အလုပ်လုပ်နေရသော ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုရှိပါတယ်။ အဲ့ဒါ ကျောက်ကပ်ပါ။

ကျောက်ကပ်ဟာ ခန္ဓာကိုယ် သွေးထဲက အညစ်အကြေး၊ ဆား နဲ့ အဆိပ်အတောက်အားလုံးကို သန့်စင်ပေးတဲ့ အလုပ်လုပ်ပါတယ်။ မိမိ စားသုံးသမျှထဲမှာ ပါဝင်တဲ့ မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေးပါတယ်။

ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှု တို့ကြောင့် ကျောက်ကပ်ပျက်စီးပြီး အသက်ဆုံးရှုံးရသည့် လူပေါင်းမနည်းပေ။

ကျောက်ကပ် အမြဲကျန်းမာပြီး သူ့အလုပ်သူလုပ်နိုင်အောင် ကျောက်ကပ်ကို သန့်ရှင်းပေးခြင်းဖြင့် ဂရုစိုက်ရပါမယ်။

စောင့်ရှောက်နည်းက ဒီလိုပါ...

နံနံပင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး နှုတ်နှုတ်ဆင်းပါ။ အိုးထဲထည့်ပြီး ရေတစ်ခွက်ခန့်ဖြင့် ၁၀မိနစ် ကြိုချက်ပါ။ အဖတ်များကို ဆယ်ပြီး အရည်ကို အအေးခံပြီး သောက်ပါ။

ကျောက်ကပ်ရောဂါရှိသူများ၊ ကျောက်ကပ်အားနည်းသူများ နေ့စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေပါစေ။

ဘေးထွက်ဆိုးကျိုး (လုံးဝ) မရှိပါ။

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top