iMyanmarHouse.com - Best Property Website for Myanmar
×

အထိအတွေ့လေး တစ်ခုပါ။ ထိုအထိအတွေ့လေးက ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေအများကြီး ဖြစ်သွားနိုင်ပါတယ် ။သင့်ရဲ့ အရေပြားဟာ ဖိနှိပ်မှု တစ်ခုခုကို ခံစားရရုံနှင့် လျှပ်တစ်ပြက်အတွင်းမှာပင် ဦးနှောက်ကို သတင်းသွားပို့ပြီး အာရုံကြော အဖွဲ့အစည်းမှာ ပါဝင်သည့် Parasympathetic အာရုံကြောများကို နှိုးဆော်မှု ဖြစ်ပေါ်လာစေပါသည်။ ၎င်းအာရုံကြော အဖွဲ့၏ တုံ့ပြန်မှုသည် စိတ်ဖိစီးမှုများကို ခုခံ တိုက်ဖျက်ပေးနိုင်ပါသည်။ဒါ့အပြင်.. ..


ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် Parasympathetic အာရုံကြောအုပ်စု၏ အဓိကကျသော Vagus အာရုံကြောအား သက်ရောက်မှု ရှိစေပါသည်။ ၎င်း Vagus အာရုံကြောအပေါ်တွင် သက်ရောက်မှု ဖြစ်စေခြင်းကြောင့် အသက်ရှူနှုန်းအား ဖြည်းဖြည်းမှန်မှန် ဖြစ်စေကာ ရှူသွင်းလိုက်သော လေများကို အဆုတ်များ၏ နက်ရှိုင်းသော အတွင်းပိုင်းအထိ ဝင်ရောက် ပျံ့နှံ့စေပါသည်။ ၎င်းအပြင် အစာအိမ်၏ အစာခြေနိုင်စွမ်းကို ပိုမို ကောင်းမွန်လာစေပါသည်။

ရင်ဘတ်၊ နောက်ကျောနှင့် လည်ပင်း၏ နောက်ဘက် (ဇက်ကြော) တို့ကို နှိပ်ပေးခြင်းဖြင့် နှလုံးခုန်နှုန်းအား တစ်မိနစ်တွင် ၁၀ ကြိမ်ခန့် နှေးစေနိုင်ပါသည်။ ၎င်းအပြင် သွေးဖိအားကို ၈ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ပါသည်။

လက်ဖဝါးများကို ညင်သာစွာ နှိပ်ပေးခြင်းဖြင့် သွေးဖြူဥများ၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို ပိုမိုမြင့်တက် လာစေပါသည်။ အထူးသဖြင့် သွေးဖြူဥ အုပ်စုတွင် ပါဝင်သော “Killer Cells” များ၏ ရောဂါပိုး ဝင်ရောက်လာမှုကို သိရှိစောင့်ကြပ်နိုင်စွမ်းအား ပိုမို မြင့်တက်စေရုံသာမက တိုက်ခိုက်နိုင်စွမ်းကို ပို၍ မြင့်မား လာစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာသော ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ကင်ဆာဆဲလ်များကို သာမန်ထက်ပို၍ တိုက်ဖျက်ပေးနိုင်ပါသည်။

ကိုယ်ခန္ဓာ အနှံ့အား နှိပ်ပေးခြင်းဖြင့် စိုးရိမ်စိတ်ဖြစ်မှုကို လျော့ကျစေနိုင်ပါသည်။ Vagus အာရုံကြော၏ တုံ့ပြန်မှုကြောင့် အဒရိနယ် (ခေါ်) ကျောက်ကပ် အနီးရှိ အကျိတ်များ၏ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေပါသည်။ ၎င်းအကျိတ်များသည် Cortisol နှင့် Vasopressin ဟု ခေါ်သော စိုးရိမ်မှုကို ဖြစ်စေသည့် ဟော်မုန်းများကို ထုတ်လွှတ်လေ့ ရှိသည်။ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေခြင်းဖြင့် စိုးရိမ်မှုဖြစ်ခြင်းကို လျော့နည်း ပပျောက်စေပါသည်။

ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ဦးနှောက်မှ ထုတ်လွှင့်သော လှိုင်းများကို ပြောင်းလဲပေးနိုင်ပါသည်။ နံနက် အိပ်ရာထချိန်တွင် နှိပ်ပေးပါက ဦးနှောက်၏ လှိုင်းများ ပြောင်းလဲမှုကြောင့် တက်ကြွလန်းဆန်းမှုကို ပို၍ဖြစ်စေပြီး အိပ်ရာဝင်ချိန်တွင် နှိပ်ပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ၎င်းအပြင် စိတ်ကြည်လင်မှုကို ဖြစ်စေသော “Serotonin” ဟော်မုန်း ထုတ်လွှတ်မှုကို ပို၍ များပြားစေသောကြောင့် စိတ်ကြည်လင်မှုကို ပို၍ ဖြစ်စေပါသည်။

ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ နာကျင်မှု တုံ့ပြန်စွမ်းကို ပို၍ မြင့်တက်စေပါသည်။ ထို့ကြောင့် နာကျင်ကိုက်ခဲမှုများကို ယာယီ သက်သာစေနိုင်ပါသည်။ သာမန် နာကျင်မှုများအား သက်သာစေရန် အတွက် အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးရန် မလိုအပ်ဘဲ ကိုယ်ခန္ဓာအား နှိပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top