iMyanmarHouse.com - Best Property Website for Myanmar
×










ဝမ်းဗိုက်ချပ်ရပ်စေဖို့ လေ့ကျင့်ခန်းပြုလုပ်နေသူတွေ အနေနဲ့ စားသင့်တဲ့

အကောင်းဆုံး အစားအစာငါးမျိုးပဲဖြစ်ပါတယ်။

၁။ ထောပတ်သီး

အဆီတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံး သဘာဝ အသီးတစ်မျိုးပဲ

ဖြစ်ပါတယ်။ကိုယ်အလေးချိန် လျှော့နေသူတွေအတွက် အာဟာရအဖြစ်လည်း စားသုံးသင့်ပါတယ်။ ကယ်လိုရီနဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဆီးချိုရောဂါရှိသူတွေလည်း စားသုံးသင့်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ထောပတ်သီး တစ်ဝက်မှာ

အဆီဓာတ် ၁၀ ဂရမ် ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ဖြည့်စွက်နိုင်မှာ ဖြစ်ပါတယ်။

၂။ Green Tea (လက်ဖက်စိမ်း လက်ဖက်ရည်)

လေ့လာမှုတွေအရ တစ်နေ့ကိုGreen Tea သုံးခွက် ပုံမှန်သောက်သူတွေမှာ

အဆီပိုတွေကို လောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းစေကာ တစ်နေ့ကို ကယ်လိုရီ ၃၀ လောက် လောင်ကျွမ်းစေနိုင်တယ် ဆိုတာကို တွေ့ရှိခဲ့တာကြောင့် သောက်သုံးသင့်တဲ့ အဆီချဆေး တစ်မျိုးလိုပါပဲ။ လွယ်ကူပြီး ထိရောက်မှုရှိတာကြောင့် တစ်နေ့ နည်းနည်းသောက်ရင် တစ်နှစ်ပြည့်ချိန်မှာ သုံးပေါင် လောက်တောင် အဆီပိုတွေ ကျသွားနိုင်ပါတယ်။

၃။ ဒိန်ချဉ်

ဝမ်းဗိုက်ချပ်ရပ်စေတဲ့ အဓိကအစားအစာဖြစ်ပြီး ရေကူးဝတ်စုံ ၀တ်လိုက်ရင်

ချပ်ရပ်နေတဲ့ သင့်ခန္ဓာကိုယ်ကြောင့် စိတ်ချမ်းသာမှု ရရှိစေမှာပါ။ဒိန်ချဉ်တစ်ခွက်မှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပြီး အစာခြေ စနစ်ကိုပါ ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

၎။ ဘလူးဘယ်ရီသီး

အအေးမိ နှာစေးခြင်းတွေကို သက်သာစေပြီး သွေးလည်ပတ်မှုကို

ကောင်းစေပါတယ်။အင်တီအောက်ဆီးဒင့် ကြွယ်ဝပြီး သွေးလည်ပတ်မှု

ကောင်းမွန်ကာ အိမ်ထောင်ရေးသုခ ပြည့်ဝစေနိုင်ပါတယ်။ ကြွက်သားတွေအတွက် အောက်ဆီဂျင် ပိုမိုရရှိစေနိုင်ပြီး လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ ကြွက်သားတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ သရေစာအဖြစ် စားပေး နိုင်ပါတယ်။

၅။ ချောကလက်နှင့်နို့

ကြွက်သားတွေ သန်မာစေပြီး တည်ဆောက်မှု ကောင်းမွန်စေတဲ့ အကောင်းဆုံး

ဖျော်ရည်ပါ။ ကြွက်သားပျက်စီးမှုကို ကောင်းမွန် စေတာ ကြောင့် လေ့ကျင့်ခန်းပြုလုပ်ပြီးလို့ လေးရက်ကြာတဲ့အချိန်မှာ သောက်ပေးသင့်ပါတယ်။ အားကစားသမားတွေအတွက် အကောင်းဆုံး ဖြည့်စွက်စာ ပါပဲ။ နွားနို့တစ်ခွက်ထဲကို ချောကလက်အမှုန့် နှစ်ဇွန်းနဲ့ သကြား ၂၀ဂရမ်လောက် ထည့်ပြီး သောက်ပါ။


Credit  :Health and Beauty life for girls 


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top