iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ခါတုန်းကပေါ့ ဆင်းရဲသားတစ်ဦးဟာ ပညာရှိအဖိုးအိုတစ်ဦးထံရောက်လာပြီးမေးတယ် 

“ အဖိုးခင်ဗျာ ... ကံ ဆိုတာ တကယ်ရှိပါသလား ”
“ ရှိပါတယ် .. ”
“ ကျွန်တော့်ကို တစ်သက်လုံးဆင်းဆင်းရဲရဲနေရအောင် ကံကြမ္မာက ဖန်တီးနေတာလားဆိုတာသိပါရစေ အဖိုး ”
“ ကဲ ဒါဆို .. ငါ့မြေးရဲ့လက်ဖ၀ါးကို အဖိုးကိုပြပါ ”
အဲဒီလိုပြောပြီးအဖိုးအိုက ဆင်းရဲသားရဲကလက်ဖ၀ါးကို ကြည့်ပြီး
“ ဒါကတော့ ငါ့မြေးရဲ့ ကျန်းမာရေးလမ်းကြောင်း ဒါကတော့ ဘ၀ လမ်းကြောင်း ဒါကတော့ အလုပ်အကိုင်လမ်းကြောင်း ဒါကတော့အိမ်ထောင်ရေး လမ်းကြောင်းပါ ”
ပြောပြောဆိုဆို အဖိုးအိုက ဆင်းရဲ့သားရဲ့လက်ဖ၀ါးကိုတင်းတင်းဆုပ်ကိုင်ခိုင်းလိုက်တယ် .. ပြီးတော့မှ ဆင်းရဲသားကိုမေးလိုက်တယ်
“ ကဲ ခုနက အဖိုးပြောခဲ့တဲ့ လက္ခဏာလမ်းကြောင်းတွေ အခု ဘယ်ရောက်သွားပြီလဲ ”
ဆင်းရဲသားကပြန်ဖြေတယ်
“ ကျွန်တော့်ရဲ့လက်ထဲမှာပါအဖိုး ”
အဖိုးအိုက ပြုံးပြီးပြန်မေးလိုက်တယ်
“ ဒါဆို ငါ့မြေးခုနကမေးတဲ့ ကံ ဆိုတာကရော ? ”

ဆင်းရဲသားဟာ အဲဒီတော့မှ အဖိုးအိုရဲ့ဆိုလိုရင်းကိုနားလည်သဘောပေါက်သွားတော့တယ်

“ ကံဖြစ်စေ အခွင့်အလမ်းဖြစ်စေ သင့်လက်ထဲမှာသာရှိပါတယ်
လုပ်နေကြိုးစားနေဖို့က ကိုယ်တာဝန်ပါ ...
သင်လိုချင်တဲ့အရာတွေကို အိမ်ထဲမှာ ထိုင်တောင်းနေယုံနဲ့တော့
ဘယ်တန်ခိုးရှင်ကမှ သင့်ကိုလာပေးမှာ မဟုတ်ပါဘူး
သင်ကိုယ်တိုင်အပြင်ထွက်ပြီး ကြိုးစားယူမှသာ ရနိုင်ပါလိမ့်မယ် ”


credit to that tant cho


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top