iMyanmarHouse.com - Best Property Website for Myanmar
×










ကွန်ဒစ်ရှင်နာ(conditioner) သုံးပြီးမှ ခေါင်းလျှော်ရည်သုံးတဲ့ ပြောင်းပြန်ခေါင်းလျှော်နည်းကို အသုံးပြုတဲ့အမျိုးသမီးတွေဟာ များသထက်များလာတယ်လို့ Dailymailက ဖော်ပြလာပါတယ်။

စာရေးဆရာမ အဲလီဆင်ဖရီယာက နည်းစနစ်တော်တော်များများကို အသုံးပြုကြည့်ပေမဲ့ အဆင်မပြေဖြစ်နေချိန်မှာ စာဖတ်သူတစ်ယောက် အကြံပေးလို့ ဒီပြောင်းပြန်နည်းကို သုံးကြည့်တဲ့အခါ ဆံပင်သားဟာ လေးသွားခြင်းမရှိဘဲ လုံလောက်တဲ့မွိုင်ချာကို ရရှိတယ်လို့ XoJameဝက်ဆိုက်မှာရေးသားခဲ့ပါတယ်။

သူမဆံပင်ရဲ့အကြီးမားဆုံးပြဿနာက “ဦးရေပြားက အဆီများပြီး ကြောက်စရာကောင်းတယ်၊ ဒါပေမဲ့ ဆံပင်အမြစ်တွေက အရိုးတစ်ချောင်းလို့ခြောက်သွေ့တယ်”လို့ ဆိုပါတယ်။

“ဒါကိုကျွန်မလုပ်ကြည့်နေတာ တစ်ပတ်ရှိပြီ။ ဆံပင်က သူအမြဲဖြစ်နေတာထက် ပိုကောင်းလာပြီ” လို့သူမက ရေးသားခဲ့ပါသေးတယ်။

ဒါပေမဲ့ဒီနည်းဟာ ဆံပင်ကိုတောက်ပြောင်လာပြီး ဆံသားကြီးသလို ဖြစ်လာမှဖြစ်တာကြောင့် ဆံသားပါးတဲ့ လူတွေနဲ့မှ သင့်တော်မယ်လို့ဆိုပါတယ်။

TrueBeauty.com ရဲ့ အဆိုအရ ဒီလိုပြောင်းပြန် လျှော်နည်းဟာ ဆံသားအမျိုးအစားအချို့မှာသာ အလုပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ သင့်ဆံပင်က အရမ်းထူတယ်ဆိုရင်တော့ ရှန်ပူသုံးပြီးမှ ကွန်ဒစ်ရှင်နာ သုံးတာအကောင်းဆုံးပါပဲလို့ TrueBeauty ကပြောကြားခဲ့ပါတယ်။

 Credit :  ဖိုးသူတော်phothutaw.com

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top