iMyanmarHouse.com - Best Property Website for Myanmar
×








အသက် နှစ်နှစ်အရွယ် ကလေးတစ်ယောက်
စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဂိုင်းဖန်ခွက်ကို လှမ်းယူနေတယ်။
မကြာခင်မှာ ခွက်က ကလေးလက်ထဲ ရောက်လာတယ်။ဒါပေမယ့်
ခွက်က ကလေးရဲ့လက်ထက်ကြီးနေတော့ စက္ကန့်ပိုင်းလောက်မှာပဲ
ခွက်ကျကွဲသွားတယ်။ကြမ်းပြင်ပေါ်မှာ ကျဲပြန့်နေတဲ့
ဖန်စတွေနဲ့ပေါ့။
ဖန်ခွက်ကျကွဲသံကြားတော့ ကလေးရဲ့မိဘက ကလေး
နားရောက်လာတယ်။ဒီလိုအချိန်မျိုးမှာ မိဘသုံးမျိုး
ကွဲထွက်သွားတယ်။

1. မိုက်မဲပြီးအသိဉာဏ်နည်းတဲ့မိခင်၊ သားသမီးထက်ဥစ္စာ
ပစ္စည်းကိုပိုတန်ဖိုးထားတဲ့မိခင်က ဒေါသကြီးစွာဖြင့်
" အမလေး...ကုန်ပါပြီတော်...ဒီသေနာကောင်လေးက
တော်တော်ဂြိုလ်မွှေပါလား...ဒီခွက်က အလကားရတာမဟုတ်ဘူး
ဂြိုလ်ဆိုးလေးရဲ့...နင်လုပ်တာနဲ့ ငါ့အိမ်ကခွက်တွေ ကုန်တော့မယ်...
လာစမ်း...တော်တော်ကမြင်းတဲ့လက်...ဖြန်း...ဖြန်း....
ဖြန်း....."အသိဉာဏ်မကြွယ်သေးတဲ့ကလေးကို ရိုက်နှက်
အော်ဟစ်ပြီး ဆုံးမလိမ့်မယ်။

2.သနားဂရုဏာမေတ္တာကြီးမားတဲ့ မိခင်က " အမလေး...
ဖြစ်မှဖြစ်ရလေ သားလေးရယ်...သားလေးဘယ်နားထိသွားသေးလဲ...
သားလေးဘယ်နားနာသွားသေးလဲ...အမေ မထားသင့်တဲ့နေရာမှာ
ခွက်ကိုထားလို့ သားခုလိုဖြစ်ရတာ...မေမေ့ကို ခွင့်လွှတ်နော်သား...
လာ....မေမေမုန့်ဝယ်ကျွေးမယ်..."ကလေးကို မေတ္တာ
ဓာတ်ပါတဲ့ အတွေးအခေါ်၊ အပြောအဆို၊အပြုအမူ တွေနဲ့ပြောဆို
ဆက်ဆံလိမ့်မယ်။

3. ကလေးကို ပညာပေးမယ့် ပညာရှိမိဘက
" သား ဘယ်နေရာ နာသွားသေးလဲ...ဘယ်နေရာမှမထိလို့တော်
သေးတာပေါ့သားလေးရယ်..."လို့ပြောဆိုပြီး ကျကွဲသွားတဲ့
ဖန်ခွက်နဲ့ အရွယ်ချင်းတူ ပုံစံတူ နောက်ထပ်ဖန်ခွက်တစ်ခုကို
စားပွဲပေါ်ပြန်တင်လိုက်တယ်။ပြီးလျှင်
" ဖန်ခွက်ကိုင်ရင် ဂိုင်းကနေကိုင်ရတယ် သားလေးရဲ့..."ဆိုပြီး
သားလေးရဲ့လက်ငါးချောင်းနဲ့ ဖန်ခွက်ရဲ့ဂိုင်းကို ဆုပ်ကိုင်ခိုင်း
စေလိမ့်မယ်။

လူတစ်ယောက်ရဲ့ မှတ်ဉာဏ်က အဖန်တလဲလဲ ထပ်ခါထပ်ခါပြုလုပ်
ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်။စာတစ်ပုဒ်ကို အကြိမ်ရေများများ
ဖတ်လေလေ ထိုစာကို မှတ်မိလွယ်လေ ဖြစ်တယ်။
ထိုပညာရှိမိခင်က ကလေးရဲ့လက်ငါးချောင်းနဲ့ ဖန်ခွက်ဂိုင်းကို လေးငါးကြိမ်
ဆုပ်ကိုင်ခိုင်းလိမ့်မယ်။


Credit to ဦးတိုးအောင်
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top