အသက်၅၀ကျော် ယောကျာ်းနှင့်မိန်းမထောင်ပေါင်းများစွာကို လေ့လာခဲ့သော
လေ့လာချက်တစ်ခု၏အဆိုအရ တိရိစ္ဆာန်များမှ ရသောပရိုတိန်းကို အမြောက်အများ
စားသုံးသူများသည် အရေအတွက် လျော့နည်းစွာ စားသုံးသူများထက် စောစီးစွာ
သေဆုံးနိုင်သည့် အလားအလာရှိပြီး ကင်ဆာကြောင့်
သေဆုံးနိုင်သည့်အခြေအနေမှာလည်း လေးဆမြင့်မားသည် ဟုဆိုသည်။
အသက်အရွယ်ငါးဆယ်ပိုင်းများနှင့် ခြောက်ဆယ် အစောပိုင်းသမားများသည်
ပရိုတိန်းကို ငါးနှင့် ပဲများကသာ ရယူသင့်သည်ဟု ၄င်းတို့က အကြံပေးခဲ့သည်။
သို့သော်လည်း ၆၅နှစ်ကျော်ပါက ခန္ဓာကိုယ်ချည့်နဲ့မှုကို ရှောင်ရှားရန်
တိရိစ္ဆာန်ပရိုတိန်းကို စားသုံးခြင်းသည် ကောင်းမွန်စေကြောင်း
ထိုသုတေသနကဖော်ပြခဲ့သည်။
“လူတိုင်းလူတိုင်းမှာ ကင်ဆာဆဲလ်မျိုး ဒါမှမဟုတ်
ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်မျိုး ရှိကြပါတယ်။ အဓိကကျတာက ဒါဟာ
ဆက်ပြီးဖွံ့ဖြိုးလာနိုင်လားပေါ့။ ဆုံးဖြတ်တဲ့ အဓိကအချက်ကတော့
ပရိုတိန်းရယူမှုပါပဲ” ဟု ထိုသုသေတနအား ဦးဆောင်ခဲ့သူ Southern California
တက္ကသိုလ်မှ ပါမောက္ခဗတ်တာလန်ဂို က ပြောကြားခဲ့သည်။
Oxford တက္ကသိုလ်မှ ကင်ဆာသုသေတနသမား ပေါမောက္ခတင်ကီးက ယခုလေ့လာမှုသည်
သေးငယ်ပြီး ပရိုတိန်းနှင့် ကင်ဆာဆက်စပ်မှုကိုအတည်ပြုရန် သုသေတနများ
ပိုမိုလိုအပ်သေးသည်ဟု ပြောကြားခဲ့သည်။
Credit : ဖိုးသူတော်Phothutaw.com
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။