iMyanmarHouse.com - Best Property Website for Myanmar
×











မိခင်တွေဟာ လှုပ်ရှားမှုများရင် သူတို့ရဲ့ကလေးတွေဟာလည်း ပိုမိုတက်ကြွလေ့ရှိတယ်လို့ အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြဿ     နာက ကလေးငယ်ရှိတဲ့ မိခင်တွေဟာ လုံးဝတက်ကြွမှု မရှိသလောက်ဖြစ်နေတာပါ လို့ထိုသုသေတနကို ပြုလုပ်ခဲ့သူ Cambridge တက္ကသိုလ်မှ Esther van Sluijs က ဆိုပါတယ်။

မိခင်ပေါင်း ၅၅၄ ယောက်နဲ့ ၄င်းတို့ရဲ့လေးနှစ်သား ကလေးတွေကို လေ့လာခဲ့တာဖြစ်ပြီး အမေတွေရဲ့ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွက်မှုက ကလေးတွေရဲ့ လှုပ်ရှား တက်ကြွမှုတွေကိုလည်း မြင့်တက်စေကြောင်း တွေ့ရှိခဲ့တယ်လို့ Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အလုပ်ရှုပ်တဲ့ မိခင်တွေဟာ လှုပ်ရှားမှုတွေပြုလုပ်ဖို့ အရမ်းကြီး ဦးစားပေး လုပ်စရာမလိုဘူးလို့ Van Sluijs က ပြောကြားခဲ့ပါတယ်။

“ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို နည်းနည်းလေး မြှင့်လိုက်တာနဲ့တင် အလုပ်ဖြစ်ပါတယ်။ အားကစားသမားကြီး တစ်ယောက် ဖြစ်လာစရာမလိုပါဘူး။ တစ်လ ဒါမှမဟုတ် တစ်နှစ်လောက် လုပ်လိုက်တာနဲ့တင် အကျိုးကျေးဇူး ကြီးကြီးမားမား ရလာနိုင်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top