iMyanmarHouse.com - Best Property Website for Myanmar
×








အဖေ့ စာကြည့် စားပွဲ ပေါ်မှာ အချိုရည် ပုလင်း အရွယ် ပုလင်းလေး တစ်လုံးတွေ့လိုက်တယ် ။

ပုလင်း မှာ ထွေထွေထူးထူး ထူးခြား နေခြင်းမဟုတ် ထူးခြားနေတာက ပုလင်းထဲက လိမ္မော်သီး ။

ဒီ ပမာဏရှိတဲ့ လိမ္မော်သီးကို သူ့ အဖေ ဒီ ပုလင်းသေးထဲ ဘယ်လိုထည့်လိုက်တာ လဲ ?

သူ အဖြေမရတော့ သူ့ အဖေကို လေးလေးနက်နက် သွားမေးတယ် ။

အဖေ ဒီပုလင်း သေးသေး ထဲ ဒီလိမ္မော်သီး အကြီး ဘယ်လိုထည့်လိုက်တာလဲ ?

အဖေက သူ့သားငယ်ရဲ့ ပခုံးကို ဖက်ပြီး အိမ်ရှေ့ကို ခေါ်လာတယ် ။

အိမ်ရှေ့ရောက်တော့ ပုလင်း အလွတ် တစ်လုံးကို ယူတယ် ။ မြေသြဇာဖြင့် ပုလင်းကို လိမ္မော်စေ့ပါတဲ့ အကိုင်းနဲ့ တွဲချည်ပြီး လိမ္မော်စေ့ကို ပုလင်းထဲထည့်ပြီး ကာလ အတန်ကြာ စောင့်ကြည့်တယ် ။ ဒီလိုနဲ့ အချိန် တခုရောက်လာတော့ လိမ္မော်သီး အရွယ်အစား တရွေ့ရွေ့ကြီးလာလေတယ် ။

လျှို့ဝှက်ချက်ကို သိသွားတဲ့ အခါ သားတော်မောင် လည်း အထူးတဆန်း ဖြစ်မနေတော့ပေ ။

သင့်တော်တဲ့ ကာလ တခုရောက်တော့ အဖေက သူ့သားကို

သားရေ အခုနေ ဒီလိမ္မော်သီးကို ပုလင်းထဲက သားထုတ်ချင်ရင် ပုလင်းကို ခွဲမှပဲ ရတော့မယ် ။

ငယ်ရွယ်စဉ်မှာ ပုံသွင်း ခံလိုက်ရတဲ့ ခလေးတွေ ရဲ့ ဘ၀ ကလည်း ထိုနည်းတူစွာပဲ ။ ငယ်ရွယ်စဉ်မှာ ပုံသွင်းခံရလိုက်တဲ့ အခါ အကောင်းအတိုင်း ပြန်ရဖို့ဆိုရင် ပုလင်းကို ဖျက်ဆီးမှပဲ ။

ယနေ့ ကမ္ဘာမှာတော့ ပုံသွင်းခံထားရတဲ့ လူကြီးတွေကိုပါ မြင်နေရပြီး ။ ကိုယ်တိုင် လည်း မေးခွန်းထုတ်ဖို့ အချိန်တန်ပြီး ။

ဒါကြောင့် သားသမီးတွေကို တကယ်ချစ်ရင် သင့်တင့်မျှတ တဲ့ အသိပညာကိုသာ အမွေ ပေးခဲ့ပါ ။

Credit :  အတွေး (FB)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top