iMyanmarHouse.com - Best Property Website for Myanmar
×













သူငယ်ချင်းတစ်စုဟာ တက္ကသိုလ်တုန်းက သူတို့ရဲ့ ပါမောက္ခဟောင်းတစ်ယောက်ဆီ အလည်သွားကြတယ်....

ပြောရင်းဆိုရင်းနဲ့ ဘဝမှာတွေ့ကြုံရတဲ့ "စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု" အကြောင်း ရောက်သွားကြပါတယ်...

ပါမောက္ခက သူတို့ကို ကော်ဖီတိုက်ဖို့ မီးဖိုခန်းထဲဝင်ပြီး ကော်ဖီကို ခွက်အမျိုးမျိုးနဲ့ ထည့်လာပါတယ်... ဖန်ခွက်၊ သတ္တုခွက်၊ အရောင်တောက်တောက်ခွက်၊ မှိန်မှိန်ခွက်၊ ရိုးရိုးခွက်၊ တန်ဖိုးကြီးတဲ့ခွက် စသဖြင့် ခွက်အစုံပါပဲ...

အားလုံးရဲ့ လက်ထဲမှာ ခွက်ကိုယ်စီရောက်တဲ့အခါ ပါမောက္ခက စကားစပါတယ်...

"တပည့်တို့ သတိထားမိရဲ့လား....
မင်းတို့ ကော်ဖီခွက်တွေယူကြတဲ့အခါမှာ လှတဲ့ခွက်တွေ ဈေးကြီးတဲ့ခွက်တွေကို အရင်ယူကြပြီး ရိုးရိုးခွက်တွေကို နောက်မှယူကြတယ်....
မင်းတို့အားလုံးဟာ အကောင်းဆုံးခွက်ကိုပဲ လိုချင်ကြတယ်....
ဒါဟာ မင်းတို့ဆွေးနွေးနေတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ရဲ့ အဓိကအကြောင်းရင်းပဲ..."

"မင်းတို့ တကယ်လိုတာက ဘာလဲ....
ကော်ဖီသောက်ဖို့ပါ.... ခွက်မဟုတ်ပါဘူး...
ဒါပေမဲ့ မင်းတို့ဟာ အကောင်းဆုံးခွက်ကိုပဲ ရွေးယူနေကြတယ်....
ဘဝက ကော်ဖီဖြစ်မယ်ဆိုရင် အလုပ်အကိုင်တွေ၊ ငွေကြေးတွေ၊ ရာထူးဌာနန္တရတွေ စတာတွေဟာ ခွက်တွေပါပဲ...
ဒီအရာတွေဟာ ဘဝကို ကိုင်တွယ်ဖို့... ထိန်းသိမ်းဖို့ ကိရိယာတန်ဆာပလာ သက်သက်သာဖြစ်ပါတယ်...."

"ခွက်တွေရဲ့ စေစားမှုကို မခံကြပါနဲ့...
ကော်ဖီရဲ့ အရသာကို ခံစားကြပါ...."

Credit :့ နှိုင်းရင့်နွေ
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top