iMyanmarHouse.com - Best Property Website for Myanmar
×


အလှကုန်တွေမှာ မသုံးသင့်တဲ့ဓာတုပစ္စည်းတွေ ပါတယ်ဆိုတာ ကျွန်မတို့သိကြပါတယ်။ ဒါပေမဲ့ ဘယ်လိုဓာတုပစ္စည်းမျိုးက ဘယ်လိုပါနေတယ် ဆိုတာတော့ ကျွန်မတို့ ကောင်းကောင်းမသိကြပါဘူး။ တကယ်တမ်း သွားဝယ်တဲ့အခါ အရောင်းစာရေးမလေးတွေပြောတာကို နားထောင်ပြီး အလွယ်တကူနဲ့ ဝယ်လိုက်ရတာကြည့်ပါပဲ။ သေချာကြည့်ဝယ်မယ်ဆိုတော့လည်း ဗူးပေါ်က စကားလုံးတွေဟာ အင်္ဂလိပ်စာဖြစ်နေတဲ့အပြင် အင်္ဂလိပ်စာတတ်တဲ့ လူတောင် ဖတ်တတ်ဖို့မလွယ်တဲ့ ဓာတုဗေဒ စကားလုံးတွေ ဖြစ်နေတာကြောင့်ပါ။

ဒါကြောင့် သင်ရှောင်ပြီးဝယ်ရမဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်......

အနံ့(Fragrance)
ပါဝင်ပစ္စည်းစာရင်းထဲမှာ အနံ(Fragrance )တို့၊parfumတို့လို စကားလုံးတွေပါလာရင်တော့ စင်ပေါ်မှာ ပြန်ထားလိုက်တာ အကောင်းဆုံးပါပဲ။ ဒီစကားလုံးတွေဟာ ဓာတုပစ္စည်းပေါင်းများစွာ ပါဝင်မယ်လို့ ညွှန်းဆိုနေတဲ့စကားလုံးတွေပါပဲ။ မဖြစ်နိုင်တော့မှ အနံ့အပြင်းဆုံးပစ္စည်းကို ရှောင်ပြီးဝယ်ပါ။ အရိုးရှင်းဆုံးက အကောင်းဆုံးပါ။

ပါရာဘန်(Parabens)
ပါရာဘန်ဆိုတာကတော့ ရင်သားကင်ဆာနဲ့ ပက်သက်နေတဲ့ဓာတုပစ္စည်းပါ။ ကျန်းမာရေးနဲ့ ပစ္စည်းများရဲ့စိတ်ချရမှုအပေါ် အဓိကထားတဲ့ David Suzuki ဖောင်ဒေးရှင်းရဲ့ အဆိုအရ ဒီဓာတုပစ္စည်းဟာ အလှကုန်တွေထဲမှာ ၇၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းထိ ပါဝင် နေပါတယ်တဲ့။ methylparaben နဲ့ "paraben" ဆိုတဲ့ စကားလုံးပါလာရင်လဲ ရှောင်ဖို့မမေ့ပါနဲ့။

ထရီကလိုဆန်(Triclosan)
ထရီကလိုဆန်ဟာ သိုင်းရွိုက်တွေ ပျက်ဆီးရခြင်းအကြောင်းနဲ့ ပက်သက်နေပါတယ်။ ပိုးမွှားသေးသေးလေးတွေကို သေစေတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပေမဲ့ MRSAလို သတ်ရခက်တဲ့ ပိုးမွှားတွေကြောင့် သူရဲ့ပါဝင်မှုဟာ မြင့်တက်နေပါတယ်။ ပိုးမွှားသေဆပ်ပြာမျိုးတွေမှာ ထည့်တတ်တယ်ဆိုပေမဲ့ အလှကုန်ကုမ္ပဏီတွေဟာ နှုတ်ခမ်းနီနဲ့ အခြားအလှကုန်တွေမှာပါ ခိုးကြောင်ခိုးဝှက် ထည့်လေ့ရှိကြပါတယ်။ ထရီကလိုဆန် (Triclosan) ဆိုတဲ့ စကားလုံးကိုလည်းသတိထားပါ။ 
အထူးသဖြင့် ထရီကလိုဆန်ကင်းရှင်းကြောင်း ကြေငြာထားတဲ့စာသားပါလာရင် ပိုဂရုစိုက်ပါ။
ဖော်မယ်ဒီဟိုက်ထုတ်လွှင့်မှု ထိန်းချုပ်ထားခြင်း . (Formaldehyde-Releasing Preservatives)
ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကတော့ ခန္ဓာကိုယ်နဲ့ သင်မထိချင်တဲ့ အရာပါပဲ။ ပြဿနာကတော့ အလှကုန်တွေ တော်တော်များများမှာ ဖော်မယ်ဒီဟိုက်ထုတ်လွှင့်မှု ထိန်းချုပ်ထားတယ်ဆိုပေမဲ့ အခြားဓာတုဗေဒရောစပ်မှုတွေကြောင့် ဖော်မယ်ဒီထုတ်လွှင့်မှုရှိနေတာပါပဲ။ DMDM hydantoin, diazolidinyl urea, imidazolidinyl urea, methenamine, quaternium-15, and sodium hydroxymethylglycinate ဆိုတဲ့စကားလုံးတွေကိုတော့ လုံးဝရှောင်ပါ။ ဒါဆိုရင်တော့ ဖော်မယ်ဒီဟိုက်နဲ့ထိတွေ့မှု ကင်းဝေးပါလိမ့်မယ်။

ဆိုဒီယမ်လောရတ်ဆာဖိတ်နဲ့ အခြားPGEကွန်ပေါင်းများ (Sodium Laureth Sulfate and Other PEG Compounds)
ဒါကတော့ မျက်နှာသစ်ဆေးလို ထုတ်ကုန်တွေမှာသုံးတဲ့ အမြှပ်ထပစ္စည်းတစ်ခုဖြစ်ပါတယ်။ 1,4-dioxane နဲ့ ethylene oxide လိုမျိုး ကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေနဲ့ ရောစပ် နေလေ့ရှိပါတယ်။ PGEကွန်ပေါင်းပါဝင်တဲ့ ပစ္စည်းတွေကလည်း ဒီလိုကင်ဆာဖြစ်စေတဲ့ ပြဿနာမျိုးတွေ ရှိပါတယ်။ ခရင်မ်အလှကုန်တွေနဲ့ moisture ပါဝင်တဲ့ပစ္စည်းတွေကို သုံးမယ်ဆိုရင်တော့ အခြား PGEကွန်ပေါင်းတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ရွှေချစ်သူshwechitthu.com 


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top