iMyanmarHouse.com - Best Property Website for Myanmar
×














လူအများစုကတော့ အသက် ၁၈ နှစ် အရွယ်မှာသာ အမြဲတမ်းရှိနေချင်ကြတယ်။ လူအနည်းငယ်ကသာအသက်ကြီးချင် ကြပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်သူမှ အိုမင်းရင့်ရော်တဲ့ အသွင်အပြင်မျိုးမဖြစ်ချင်ကြပါဘူး။ အသားအရေတွေ ပျော့တွဲအိကျနေတာ၊ အရေးကြောင်းတွေ ဖြစ်လာတာ၊ ပါးရေတွန့်တာ၊ဆံပင်ကျွတ်တာ စတဲ့ ဇရာရဲ့လက္ခဏာတွေကို ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်မလာစေချင်ကြဘူး။

အသက်ကြီးမလာအောင် တားလို့မရပေမယ့် ဇရာရဲ့ လက္ခဏာတွေကို တတ်နိုင်သမျှ ဖြစ်ပေါ်မှုနှေးကွေးအောင်၊အသက်ထက်ပိုပြီး နုပျိုလှပနေအောင်နဲ့ အရေးကြောင်းတွေကို ကာကွယ်ထားနိုင်အောင် လုပ်ဆောင်နိုင်တဲ့
နည်းလမ်းတွေရှိပါတယ်။ ဒါပေမဲ့ တန်ဖိုးကြီးတဲ့အရာတွေကို လွယ်လွယ်ကူကူတော့ မရနိုင်ပါဘူး။
ရက်အနည်းငယ် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်လိုက်ရုံနဲ့၊ တစ်ည၊ နှစ်ညလောက်အရေးကြောင်းပျောက်ခရင်မ် လိမ်းလိုက်ရုံနဲ့၊ သင့်မျက်နှာက အရေးကြောင်းတွေ ပျောက်ပြီး နုပျိုလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ နှစ်ပေါင်း များစွာကြာအောင် အသားအရေထိန်းသိမ်းစောင့်ရှောက်မှုအလေ့အထတွေကို မှန်မှန်ကန်ကန် ကျင့်သုံးလိုက်နာရမှာပါ။အကောင်းဆုံးကတော့ ဖြစ်မလာခင်ကတည်းကကြိုတင်
ကာကွယ်ထားရမှာပါ။
 ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုကောင်းပြီးပိုလည်းလွယ်ကူတာကြောင့်ဖြစ်ပါတယ်။

  နေရောင်ကာလိမ်းဆေးလိမ်းပါ
 အရေးကြောင်းတွေ ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် သိထားသင့်တဲ့အချက်ကတော့ အသက်ငယ်ရွယ်စဉ်အချိန်ကတည်းက ကာကွယ်မှုတွေကို စတင်လုပ်ဆောင်ထား သင့်တာပါ။ အရေးကြောင်းကာကွယ်ဖို့အတွက်နံပါတ်တစ် လုပ်ဆောင်ရမှာက နေရောင် ကာကွယ်ဖို့ပါ။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ
သင့်အသားအရေ အတွက် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် နေရောင်တိုက်ရိုက်ကျရင် ပိုဆိုးပါတယ်။ နေရောင်နဲ့အလွန်အကျွံ ထိတွေ့နေတဲ့ အသားအရေဟာ အရွယ်မတိုင်ခင်ကတည်းက အိုမင်းရင့်ရော်ပြီး အရေးကြောင်းတွေနဲ့
တင်းတိပ်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေပူထဲထွက်မယ်ဆိုရင် အနည်းဆုံး SPF 15 ပါဝင်တဲ့နေရောင်ကာလိမ်းဆေးကို လိမ်းပြီး ထီး၊ ဦးထုပ်စတာနဲ့လည်း အကာအကွယ်ယူထားပါ။

 ရက်တိုဓာတ်စာစားခြင်းကို ရှောင်ပါ
 ကိုယ်အလေးချိန်လျှော့ဖို့အတွက် ရက်တိုဓာတ်စာစားတာမျိုးဟာ သင့်ခန္ဓာကိုယ်အတွက်
ပြင်းထန်တဲ့သက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ ပုံမှန်စားနေကျ အစာအာဟာရတွေကို ဖြတ်ပြီး တစ်ပတ်ခန့်ရက်တိုဓာတ်စာစားလိုက်ရင် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရုတ်တရက်ပြတ်တောက်သွားပြီး
ပြဿနာတွေ အများအပြား ဖြစ်ပေါ် လာပါလိမ့်မယ်။

 စွမ်းအင်နည်းတာ၊ ဂနာမငြိမ်တာ၊ အာရုံစူးစိုက်မရတာ၊ဆံပင်ကျွတ်တာ စတဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် လူတစ်ယောက်ဟာ ကိုယ်အလေးချိန် အများအပြားရုတ်တရက်ကျဆင်းသွားရင် အရေပြားဟာ လျော့တွဲကျသွားပြီး အရေးကြောင်းတွေ ဖြစ်လာပါတယ်။

 ဒါကြောင့်အရေးကြောင်းမဖြစ်အောင် ကာကွယ်ဖို့ အတွက် ကိုယ်အလေးချိန်ချချင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတွေနဲ့ ဖြည်းဖြည်းမှန်မှန်သာချပါ။ ဒါမှသာ နဖူးနဲ့ ပါးစပ်ပတ်ပတ်လည်မှာ အရေးကြောင်းတွေဖြစ်မလာအောင် ကာကွယ်ထားရာမှာ အကူအညီဖြစ်နိုင်ပါလိမ့်မယ်။

 အစားအသောက်
 အစားအသောက်က အရေးကြောင်းတွေ ဖြစ်မလာအောင် ကာကွယ်ရမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အာဟာရဓာတ်ပြည့်ဝပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidant) တွေ ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေက အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီး၊လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကောက်နှံတစ်ခုလုံးစတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကအရေးကြောင်းမဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

 Green Tea ဟာလည်း အသားအရေအတွက်အလွန်ကောင်းပါတယ်။ အရေးကြောင်းအတွက် အိမ်တွင်းဆေးဝါး တစ်လက်ပါ။ သတိပြုရမယ့်အချက်ကတော့ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အထူးသဖြင့် ဆီနဲ့ကြော်တဲ့အခါ အကျက်မလွန်အောင် ဂရုစိုက်ဖို့ပါ။
အကျက်လွန်သွားရင် ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးသွားပါတယ်။

 ဘဝနေထိုင်မှုပုံစံ
 ဘဝနေထိုင်မှုပုံစံကလည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။
ညစဉ် အနည်းဆုံး ၆-၈ နာရီအထိ အိပ်စက်ပါ။
  ဒါမှသာ သင့်ခန္ဓာကိုယ်ဟာ လုံလောက်အောင် အနားရပြီး စွမ်းအင်တွေပြန်လည်ရရှိမှာပါ။ အိပ်စက်တဲ့အခါမှာလည်း တတ်နိုင်သမျှ ပက်လက်အိပ်တာကသာ အကောင်းဆုံးပါ။
ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး အိပ်တာကိုတော့ ရှောင်ပါ။

 မျက်နှာမှာအစင်းရာတွေဖြစ်စေပြီးကြာလာရင်အရေးကြောင်းတွေအဖြစ်သို့ ပြောင်းသွားနိုင်
တဲ့အတွက်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။
ဒါမှသာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်ပျက်မှုကို လှုပ်ရှားတက်ကြွစေပြီး စွမ်းအင်အဆင့်ကိုလည်း မြင့်မားလာစေမှာပါ။

ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့တွေကိုလည်း ရှောင်ကြဉ်ပါ။

 အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု
 အသားအရေကို နေ့စဉ်မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းဟာ အရေးကြောင်းတွေနဲ့ အိုမင်းရင့်ရော်တဲ့လက္ခဏာတွေ ဖြစ်ပေါ်မှုကို နှေးကွေးတဲ့ နည်းလမ်းတွေထဲက အရေးကြီးနည်းလမ်းတစ်ခုပါ။ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်မှသာအရေပြားမှာရှိတဲ့ဗီတာမင်တွေ၊သတ္တုဓာတ်တွေနဲ့ ကော်လာဂျင်တွေကိုမဆုံးရှုံး
သွားအောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါ အရေးပြားမှာရှိတဲ့ ကော်လာဂျင်တွေ ဆုံးရှုံးသွားပြီး အရေပြားရဲ့ ကျုံ့ဆန့်နိုင်စွမ်း (Elasticity)လျော့နည်းသွားပါတယ်။ ကျုံ့ဆန့်နိုင်စွမ်းအားနည်းသွားရင် အရေပြားဟာ သူ့ရဲ့သဘာဝအခြေအနေကိုပြန်မရောက်နိုင်တော့ဘဲ မျက်မှောင်ကြုတ်တာ၊ ပြုံးတာလိုမျိုး အမူအရာတွေကြောင့် မျက်ခုံးနဲ့ ပါးစပ်ဝန်းကျင်မှာ
အရေးကြောင်းတွေ ဖြစ်လာပါတယ်။
 အရေပြားက အစိုဓာတ်ခန်းခြောက်လာတဲ့အတွက်ကြောင့်လည်း
အရေးကြောင်းတွေ ပိုမိုဖြစ်ပေါ်လာရပါတယ်။

ဒါကြောင့် အရေပြားက ကျုံ့ဆန့်နိုင်စွမ်းကောင်းစေတဲ့ ကော်လာဂျင်တွေကို ထိန်းသိမ်းထားမှသာအရေးကြောင်းကင်းပြီး နုပျိုလှပမှာပါ။
အသားအရေကို သန့်စင်တာ၊ Toner သုံးရတာနဲ့ Moisturiser သုံးတာတွေကို
ပုံမှန်လုပ်ပေးတာဟာ အရေပြားက အစိုဓာတ်နဲ့ ကော်လာဂျင်တွေကို ထိန်းသိမ်းထားရာမှာ ကူညီနိုင်ပါတယ်။

Forward mail လေးပါ ။

အရေးကြောင်းထင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
ကြက်ဥအကာ၊ ဘဲဥအကာ
ကြက်ဥအကာ၊ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စုပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာနှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ်လိမ်းကာ မိနစ် ၃ဝလောက်ထားပေးပါ။ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင်သုတ်လိုက်ပါ။

နာနတ်သီး
ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကိုထည့်ထားပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက်အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။နာနတ်သီးစိတ်နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ်လိမ်းကာအချိန် ၁၅မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။

အုန်းဆီ
အုန်းဆီဟာ အင်တီအောက်ဆီးဒင့် အဆီဖြစ်တာကြောင့် မျက်နှာကိုတင်းရင်းနုပျိုစေပါတယ်။ အုန်းဆီစစ်စစ်ကို ဗီ တာမင်အီးအဆီအစက် အနည်းငယ်နဲ့ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်းရောက်မှရေနဲ့ မျက်နှာသစ်ပေးပါ။

သံပရာရည်၊ ရှောက်ရည်
သံပရာရည်၊ ရှောက်ရည်မှာ ပါတဲ့အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့်
အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည်အစက်အနည်းငယ်ကို အရေပြားပေါ်လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။
ရွှေဖရုံစေ့
ရွှေဖရုံစေ့မှာ ပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြားတင်းရင်းစေ
တဲ့ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။ 

Credit : Shoe Gallery
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top