iMyanmarHouse.com - Best Property Website for Myanmar
×














တခါတလေ အပြင်ထွက်တော့မယ်ဆိုရင် အကျီကို ရွေးရတာက သိပ်မကြာလိုက်ပေမဲ့ ဖိနပ်ကို မလိုက်လို့ပြန်ပြန်လဲနေရတဲ့ အဖြစ်တွေရှိဖူးကြမှာပါ။ ဘယ်ဖိနပ်ဝတ်မလဲ လို့ရွေးရတာလည်း ပျိုမေတို့အတွက် ပညာရပ်တစ်မျိုးပါပဲ။

ဘယ်ကိုသွားမလဲ?
 သွားမယ့်နေရာကို လိုက်ပြီး ရွေးစီးပါ။ ဒေါက်မြင့်ကို ပွဲတက်တို့ ဂါဝန်၊ ဂျင်းဘောင်ဘီအရောင်ရင့် တို့နဲ့ တွဲဝတ်လို့ကောင်းပါတယ်။ ဖိနပ်အပါးကတော့ ထသွားထလာ အတွက်ပါ။ ဂျင်းဘောင်းဘီ အရောင်နု နဲ့လိုက်ပါတယ်။

ဘယ်လိုစတိုင်နဲ့သွားမှာလဲ?
မနိမ့်မမြင့်ဒေါက်တွေကတော့၊ ဝတ်ရတာသက်တောင့်သက်သာရှိပြီး စတိုင်လဲကျပါတယ်။ ဒါပေမဲ့ သူနဲ့ အလိုက်ဆုံး က စတိုင်ပင် လို ဒဲ့ဘောင်းဘီ၊ ဒူးလောက်ရှိတဲ့ စကတ် တို့ပါပဲ။ စတစ်လက်တို(Stiletto) ပွိုင်ဒေါက် တွေက သင့်ခြေထောက်ကို ပိုရှည်စေတာကြောင့် ဂါဝန်အရှည် ဒါမှမဟုတ် အောက်ကား ဘဲလ် ဘောင်းဘီတို့နဲ့ဆို အဆင်ပြေပါတယ်။

ဘာအရောင်ဝတ်ထားလဲ?
သင် ဝတ်ထားတဲ့ ဝတ်စုံမှာ အများဆုံးပါတဲ့အရောင်ကို ရွေးစီးပါ။ အနက်၊ အညို၊ အပြာရင့်၊ သနပ်ခါးရောင်တွေကတော့ ဘာအရောင်နဲ့ဖြစ်ဖြစ်လိုက်ပါတယ်။ ဝတ်စုံကဒီအရောင်ဆို၊ ဖိနပ်က ဒီအရောင်အတိုင်း ဖြစ်ရမယ်တော့ မဟုတ်ပါဘူး

Brand အကောင်းစားဆိုပြီး တံဆိပ်စာသားအထင်းကြီးတွေ ပါတဲ့ ဖိနပ်တွေကို ဝယ်မစီးလိုက်ပါနဲ့။ တံဆိပ်ကြီးတွေထိုးထားတဲ့ဖိနပ်တွေက သင့်ကို သင်ဝတ်ထာတဲ့ ဟာနဲ့လိုက်ဖက်မယ်လို့အာမ မခံပေးနိုင်ပါဘူး။

ထူးထူးခြားခြား -

အရမ်း ပူတဲ့အချိန်မှာ သင့်ခြေထောက် က size တစ်ခုတိုးလာတဲ့အထိ ကြီးလာနိုင်ပါသတဲ့။

Credit to Shwe Beauty
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top