အိမ်ထောင်ရှင် မိန်းမသားတစ်ယောက် ရဲ့ ဒိုင်ယာရီ
ချစ်ရတဲ့ ယောကျာ်းရေ . . .
ကျွန်မတို့ အိမ်ထောင်ကျတော့မှ ကျွန်မရဲ့ ဘ၀ဟာ ဘယ်လောက်တောင်သိမ်ငယ် စရာကောင်း နေလဲဆိုတာကို သိလိုက်ရတယ်။
မနက်တိုင်း အားလုံးထက်အရင်စောထရပြီး မနက်စာပြင် အိမ်မှုကိစ္စတွေလုပ်ကိုင်ပြီး ယောကျာ်းအတွက် ဝေရာဝိစ္စတွေအကုန်လုပ်ကိုင်ပြီးလို့ အိပ်ယာနိုးလာတဲ့ ယောကျာ်းက “ မိန်းမရေကျေးဇူးပဲနော် ” ဆိုတဲ့ စကားတစ်ခွန်း ကျွန်မအတွက် မရခဲ့ဖူးပါဘူး။ လုပ်သင့်လုပ်ထိုက်လို့ လုပ်ပေးရတဲ့ပုံစံမျိုးနဲ့ပဲ ကျွန်မအပေါ် အမြဲဆက်ဆံခဲ့တယ်နော်။
မနက်စာစားလို့ အဆင်သင့်စားပွဲပေါ်ထိုင် သတင်းစာလေးအဆင့်သင့်ထိုင်ဖတ်ပြီး စားသောက်ပြီးတာနဲ့ ရုံးသွားဖို့ထွက်ခွာသွားပြီဆိုရင် “ မိန်းမရေ ကိုယ်ရုံးသွားပြီကွာ “ ဆိုတဲ့နှုတ်ဆက်စကား တယုတယလေးကို မပြောခဲ့ဖူးဘူးနော်။ ရုံးတာဝန်တစ်ဘက်နဲ့ အိမ်အလုပ်လည်း မလစ်ဟင်းရအောင်လုပ်ပေးနေရတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ခံစားချက်ကို ယောကျာ်းမသိခဲ့ပါဘူး။
တစ်နေ့တစ်နေ့ အလှမပြင်နိုင် ချစ်လှစွာသော ယောကျာ်းအတွက် လုံးပန်းနေရတဲ့ဘ၀မှာ အပျိုတုန်းကလို အလှပုံမှန်လည်းမပြင်နိုင်တော့ပါဘူး။ ခေတ်ပေါ်အ၀တ်တွေလည်း မ၀ယ်ဖြစ်တော့ပါဘူး။ အရာရာချင့်ချိန်ပြီး အစားကောင်းဆိုတိုင်းလည်း ယောကျာ်းအတွက်သာ သတိရပေးနေရတဲ့ ကျွန်မ အိမ်ထောင်သက်ရလာတော့ မလှတော့ဘူးလေ။ အမြဲ အိမ်မှုကိစ္စတွေနဲ့ ပင်ပန်းနေရတော့ ညှိုးနွမ်းနေတဲ့ကျွန်မ ဟာ အပျိုဘ၀တုန်းကလိုတော့ မလတ်ဆတ်တော့ဘူးလေ။
ခုဆို ကျွန်မသတင်းသဲ့သဲ့ကြားနေရပါတယ် နင့်ယောကျာ်း အပြင်မှာ ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာတွေ့တယ်တဲ့။ မကောင်းတဲ့ကောင်းမလေး ဆိုပဲ။
ကျွန်မအရမ်းခံစားမိလို့ ကျွန်မရဲ့အတွေးတွေက လွန်ခဲ့တဲ့ ၄နှစ်ကျော်က ကျွန်မတို့အိမ်ထောင်ကျခါစ ဘ၀လေးကို ပြန်သတိရမိလိုက်ပါတယ်။ အဲဒီတုန်းက အိမ်ရှေ့မှာ ယောကျာ်းနဲ့ကျွန်မ တီဗီကြည့်ရင်း ကျွန်မ ပုခုံးပေါ်မှာ အိပ်ပျော်သွားခဲ့တောင် မနက်မိုးလင်းထိအောင် နိုးသွားမှာစိုးလို့ ကျွန်မ ပုခုံးတောင်မလှုပ်ရက်ခဲ့ပါဘူး။
ဒီနှစ်တွင်းပိုင်းမှာလည်း ကျွန်မပေါ် တယုတယလည်းမရှိတော့တာကြာပြီနော်။ ညတိုင်းကျောခိုင်းပြီး အိပ်နေတဲ့ ကိုယ့်ယောကျာ်းကျောပြင်မှာ ကျွန်မရဲ့ မျက်ရည်တွေ ဘယ်လောက်တောင်စွန်းထင်းခဲ့ပြီးပြီလဲ။
ညတိုင်းနောက်ကျပြန်တတ်လာပြီး တစ်ခါတစ်လေ အိမ်ပြန်မလာတဲ့ညဆိုရင် ကျွန်မတစ်ယောက်တည်း မိုးလင်းတဲ့အထိအတွေးတွေ ယောက်ယက်ခပ်ပြီးအိပ်မပျော်ခဲ့ပါဘူး။ ယောကျာ်းရယ် နောက်ကိုမိုးပြန်အိပ်ပါ လားဆိုရင် စိတ်မရှည်တဲ့လေသံနဲ့အတူ ကျွန်မ လွင့်စင်ခဲ့တာချည်းပါပဲ။
ကျွန်မတို့ အိမ်ထောင်သက်ကြာလာလို့ အေးစက်လာတာပဲနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ ကျွန်မရဲ့ ရင်ထဲက ကျွန်မတိုကအိမ်ထောင်ရေးဟာ အမြဲ နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတာပါပဲ။ အဲဒါတွေက ယောကျာ်းဆီကိုတော့ မကူးစက်သွားဘူးထင်ပါရဲ့။
ဒါပေမဲ့ ကျွန်မရဲ့ မွေးနေ့ကိုတစ်နှစ်တစ်ခါတော့ မမေ့မလျော့ လက်ဆောင်ဝယ်လာပေးတာကိုတော့ ကျွန်မပျော်မိပါတယ်။ ဒီနှစ်တွေမှာ အိမ်စောပြန်လာတာထက် နောက်ကျလို့ ကျွန်မကိုချော့တဲ့ လက်ဆောင်တွေကသာ ကျွန်မဆီမှာ ပြည့်နှက်နေတာပါ။ ကျွန်မလိုချင်တာ လက်ဆောင်တွေမဟုတ်ပါဘူး။
ကျွန်မ သူများတွေပြောလို့ ယောကျာ်းနဲ့ဟိုကောင်မလေးအပြင်သွားတာ လိုက်ချောင်းမိပါတယ်။ တကယ်ဆို မလုပ်သင့်ပါဘူး။ သူ့ခါးလေးကိုဖက်ရင်း ရီမောနေတာ ကျွန်မယောကျာ်းဆိုတာကို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ ကျွန်မမျက်လုံးတွေကို ဖေါက်သာပစ်လိုက်ချင်မိပါတယ်။
သူ ကျွန်မထက် ဘာများသာနေလို့လဲယောကျာ်းရယ်။ ငယ်ဂုဏ်ရယ် အိမ်ထောင်မှု ထိန်းသိမ်းစရာမလိုတော့ လွတ်လပ်ပျော်ရွှင်နေတာလေးရယ် အလှအပပြင်နိုင်တာကလွဲရင် ကျွန်မထက်ဘာများသာနေလို့လဲ ဟင်။
ယောကျာ်းနဲ့သူနဲ့ ဟိုတယ်တစ်ခုတည်းကိုဝင်သွားတာကို ကျွန်မမတ်တပ်ရပ်ပြီး ကြည့်နေမိတယ်။ နောက်ကလိုက်သွားရင်ကောင်းမလား ။ ကျွန်မ ရန်လိုက်တွေ့ရင်း ယောကျာ်းကျွန်မကို ပစ်သွားမလားဆိုတဲ့ အတွေးနဲ့ ကျွန်မဝေခွဲလို့မရခဲ့ဘူး။ ကျွန်မ အဲဒီနေ့က တစ်ညလုံး အဲ့ဒီဟိုတယ်ရှေ့မှာ တစ်ယောက်တည်းငိုကြွေးမိပါတယ်။ကျွန်မဘယ်လောက်နာကျင်လိုက်မလဲဆိုတာ ယောကျာ်းခံစားမိရဲ့လား။
ဆောင်းတွင်းအအေးလည်း ကျွန်မကို တိုးမပေါက်တော့ပါဘူး။ ဒီနှစ်တွင်း ကျွန်မအပေါ် ကျွန်မယောကျာ်းပေးခဲ့တဲ့ အေးစက်မှုက ပိုများတယ်လေ ။ ကျွန်မအတွက် အကျင့်ဖြစ်နေပါပြီ။
သူလို ကောင်မလေးကို ယောက်ျားဘယ်လောက်တောင် ပေးကမ်းနေရလဲဟင်။
သူလို ကောင်မလေးအတွက် တစ်နေ့တစ်နေ့ ဘယ်လောက်တောင် ကုန်ကျနေရလဲ။
သူလို ကောင်မလေးက ယောကျာ်းကို ဘယ်လောက် ဂရုစိုက်လို့လဲ။
သူလို ကောင်မလေးက မနက်စာနေ့တိုင်း ထပြင်ပေးလို့လား။
သူလို ကောင်မလေးက ယောကျာ်းအလုပ်သွားရင် အဆင်သင့် ပြင်ပေးဖူးသလား။
သူမအတွက် ငွေတွေအများကြီးကုန်ပြီး ရှင့်ရဲ့ တစ်ညတာ ပျော်ရွှင်မှုအတွက် ရှင်တစ်ညလုံးအချိန်ပေးနိုင်ပေမဲ့ ငွေတစ်ပြားမှ မပေးရဘဲ ကျေကျေနပ်နပ်ကြီး အိမ်မှာစောင့်ပေးနေတဲ့ မိန်းမဆီတော့ ပြန်မလာခဲ့ဘူးနော်။
ယောကျာ်း ရေ ဒီလို မိန်းကလေးထက် ဈေးအများကြီးပေါပြီး ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ မိန်းမကို တစ်နာရီလောက်တောင် အချိန်ကောင်းကောင်းမပေးနိုင်ခဲ့ဘူးနော်။ ကျွန်မအတွက်ကတော့ ကျွန်မ ယောကျာ်းပေးတဲ့ တစ်မိနစ်လောက် အချိန်မှာ စက္ကန့် ၆၀ လုံးလုံး ကျွန်မအရမ်းတန်ဖိုးထားပါတယ်။
ကျွန်မအတွက် တစ်နေ့ကို စက္ကန့် ၆၀ လေးသာ သီးသန့်ပေးပါ။
Credit : manotetha
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...