iMyanmarHouse.com - Best Property Website for Myanmar
×














၆၉ နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ သံယောဇဉ် အနားနှလုံးသားဗဟိုဇာတ်ကားကို မတ်လ ၂၆ရက်နေနဲ့ ၂၇ ရက်နေ့ ညနေပိုင်းမှာ မြဝတီ ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။ ဇာတ်လမ်းမှာ ဗိုလ်ကြီးတစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားသူ နိုင်းနိုင်းက ဇာတ်ကားရိုက်ကူးမှုအတွေ့ အကြုံ အခက် အခဲလေးတွေကို ခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ကြီး
မားတဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ တချို့နေရာတွေက ရိုက်ဖို့အချိန်သိပ်မရှိတာမျိုးတွေတော့ ရှိတယ်။

ပြိုင်ပွဲမှာဝင်ရိုက်တဲ့ အခါကျတော့ လွတ်လွတ်လပ်လပ်ဝင်ရိုက်လို့မရ တဲ့ အချက်လေးတွေတော့ ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။ တပ်မတော်ဂုဏ် ပြုဇာတ် လမ်းဖြစ် တဲ့အ တွက် ပါဝင်ခဲ့တာလား၊ ပါဝင်ရမယ်လို့ ပြောလာလို့ပါဝင်ဖြစ်တာ လားလို့ မေးကြည့်တော့...

” မဟုတ်ပါဘူး။ သူတို့ဘက်က ကမ်းလှမ်းတာရယ်၊ ကျွန်တော်လည်း ပါဝင်ရိုက်ကူး ချင်တာရယ်ကြောင့်ပါ။ စစ်ကားဆိုပေမယ့် သေနတ် ပစ်ဂိမ်းပါ။ အာဆီယံ ဆယ်နိုင်ငံသေနတ်ပစ်ပြိုင်ပွဲကို အဓိကထား ရိုက်တာလေ။ အဲဒါကြောင့် ပါဝင်တာပါ။

တကယ်တမ်း ကျွန်တော်လက်ခံရိုက်ကူးတာက အာဆီ ယံသေနတ်ပစ်ပြိုင်ပွဲအနေနဲ့ရော၊ပြီးတော့ ဇာတ်လမ်းထဲမှာ ဒရာမာပိုင်းဆိုင်ရာပါလို့ ရိုက်တာပါ။ အရင်က လို ပေါ် လစီ၊ ပေါ်လစီကြောင့် မဟုတ်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။ စစ်ကားရိုက်ကူးမှု အရေအတွက်နည်းပါတယ်။ ကျွန်တော် ခုလောလောဆယ်မှာ ရိုက် ကူးရေးခဏရပ် ထားပြီး နောက်လ လောက်မှ ရိုက်ကူးရေး ပြန်စမယ်” လို့ ပြောပြခဲ့ပါတယ်။




Credit : PopularJournal
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top