iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ခုတည်း ဖြစ်၍ မရချေ။ ဤလောကကြီး၏ ၂၀ ရာစု အထွတ်အထိပ် အောင်မြင်မှုက လူသားတို့ လကမ္ဘာပေါ် ခြေချနိုင်မှုပင် ဖြစ်ပါသည်။

 နှစ်ထောင်ပေါင်းများစွာ ချီလာသော လူ၏ မိုးပျံသန်းနိုင်စွမ်းသည် နှစ်ပေါင်း ၆၀ ကျော်ကျော် ကာလမှပင် အစမှအဆုံးတိုင် အောင်မြင် ဖြစ်မြောက် ခဲ့ပါသည်။ သို့သော် ခရီးတစ်ခုရောက်ရန် လေကြောင်းကလည်း သင့်ပါမှ၊ အခြေအနေကလည်း ပေးပါမှ၊ တက်ကိုင်ကလည်း ကျွမ်းပါမှ၊ လှေကလည်း ကောင်းပါမှ ဖြစ်သလို လကမ္ဘာပေါ်သို့ လူသားခြေချသာစေရန် အတွက် ဒုံးပျံကိုယ်ထည်ကို တိုင်တန်နိယန် သတ္တုပေါ့နှင့် လုပ်နိုင်သည့် အခြေအနေပေါ်ပေါက်ရန် လိုအပ် ခဲ့ပါသည်။ အာကာသယာဉ် အသွားအပြန် ခရီးစဉ်ကို တွက်ချက်ပေးရန် ကွန်ပျူတာ လိုအပ်ခဲ့ပါသည်။ အာကာသ ၀တ်စုံအား ထုတ်လုပ်ရန် အတတ်ပညာ လိုအပ်ခဲ့ပါသည်။ တစ်နည်း ဆိုရပါလျှင် အချက်တစ်ချက် ဖြစ်ထွန်းစေရန် ကွင်းဆက်ပေါင်းများစွာ လိုအပ်ခဲ့ပါသည်။

ထို့ကြောင့် မိမိ ဘ၀ကို မကျေမနပ် မဖြစ်နိုင်၊ မဖြစ်သေး၊ မဖြစ်ပါလားဟု ဆန်းစစ်မိလျှင် မဖြစ်ထွန်းရခြင်း အကြောင်း ရင်းမြစ်ခံ ကွင်းဆက်ကို ပြန်လည်သုံးသပ် ရှာဖွေကြည့်ပါ။ ထိုကွင်းဆက်ကို ပြင်ဆင်နိုင်မှ သာလျှင် ကျန်အခြေအနေများ လိုက်လျောညီထွေ ဖြစ်ထွန်းလာနိုင်ပေလိမ့်မည်။ ။

Credit:  {ခွန်အားပေးသောအတွေးများ - မောင်ဝေဟင်}

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top