iMyanmarHouse.com - Best Property Website for Myanmar
×










မသာယာသော အိမ်ထောင်ရေးသည် နှလုံးရောဂါ ရစေနိုင်ပြီး စိတ်ကျရောဂါ ဖြစ်သော သွေးတိုးရောဂါကို ရစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ယူဆ ကြသည်။

မပျော်ရွှင်စေနိုင်သော အိမ်ထောင်ရေးသည်  စိတ်သောက ဖြစ်စေနိုင်သည်ကို လူတွေသိ ကြသည်။  ယခုဆိုလျှင် သုတေသီများက ယင်းသည် အသက်ကိုပင် သေစေနိုင်ကြောင်း သက်သေပြ ဆိုကြသည်။ အမေရိကန် ပြည်ထောင်စု သုတေသီများ၏ ယုံကြည်ယူဆချက်မှာ ပျော်ရွှင်ချမ်းမြေ့မှု မရှိသော အိမ်ထောင်ရေးသည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ကာ စိတ်ထောင်း တော့ကိုယ်ကြေ ဆိုသလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။

သူတို့၏ အိမ်ထောင်ဖက်နှင့် သာယာပျော်ရွှင်မှု မရှိသော သူများသည် စိတ်ကျရောဂါ၊ သွေးတိုး ရောဂါနှင့် နှလုံးရောဂါကိုပင် ဖြစ်စေနိုင်သည်ဟု ယုံကြည်ကြသည်။ မစ်ချီဂန်ပြည် တက္ကသိုလ်ရှိ သိပ္ပံပညာ ရှင်များသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါကို အိမ်ထောင်ရေးက မည်သို့သော အကျိုးသက်ရောက်မှု ရှိသည်ကို  စတင် လေ့လာနေကြပြီ ဖြစ်သည်။။

အမေရိကန် ပြည်ထောင်စုတွင် လူလေးယောက်လျှင် တစ်ယောက် နှလုံးရောဂါနှင့်  သေဆုံး ကြရသည့်အခါ  ယင်းသည် အရေးကြီး လာခဲ့သည်။

သုတေသီ ခေါင်းဆောင်ဖြစ်သူ ဆရာဝန်ကြီး ဒေါက်တာ ဟွီလျူက အမေရိကန် ပြည်ထောင်စု တွင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါဆက်လက် လွှမ်းမိုးလာခြင်းကြောင့် ဤလေ့လာမှု၏ အရေးပါမှုကို  မီးမောင်းထိုးပြ လိုက်သည်။

သုတေသီများ၏ ပြောပြချက်အရ နှလုံးရောဂါ အများစုသည် ကြိုတင် ကာကွယ်တားဆီး နိုင်သည်။  ဆိုလိုသည်မှာ အန္တရာယ်ရှိသော အချက်များကို ကွဲကွဲပြားပြား သတ်မှတ်ပြီး လုပ်ဆောင်ခြင်း သည် ထိရောက်သော ကြိုတင်ကာကွယ် တားဆီးသည့် နည်းဗျူဟာများ ဆိုင်ရာ   ပုံစံအတွက် အသက်သွေးကြောပမာ  အရေးကြီး လှသည်။

ဒေါက်တာ ဟွီလျူက ရှင်းပြသည်မှာ သိပ္ပံပညာရှင်များ အနေဖြင့် အိမ်ထောင်ရေးသည် ကျန်းမာရေးကို ထိခိုက်စေသော အရေးကြီးသည့် လူမှုဆက်ဆံရေး ဖြစ်ကြောင်း ယုံကြည်ယူဆ ထားသည်မှာ  ကြာလှပြီဖြစ်သည်။

သာဓက အားဖြင့် ချမ်းမြေ့ပျော်ရွှင် သာယာသော အိမ်ထောင်ရေးသည်  ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ ပြုသည့်အပြင် ပို၍ပင် တိုး၍ကောင်းမွန် လာစေသည်ဟု ယုံကြည်သည်။

အပြန်အလှန်အားဖြင့် ပျော်ရွှင်သာယာ ချမ်းမြေ့မှု မရှိသော အိမ်ထောင်ရေးဆိုင်ရာ စိတ်ဖိစီး မှုသည် စိတ်ကျရောဂါကို ရရှိစေနိုင်သည်။

ဤတွင် ကျန်းမာရေးနှင့် မညီသော အလေ့အကျင့်များ ဥပမာ - ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ ကဲ့သို့သော အကျင့်ဆိုးများ တိုး၍ ဖြစ်လာကာ ကိုယ်ခန္ဓာ၏ စိတ်ဖိစီးမှု ဟော်မုန်း ဓာတ်များ၏ အဆင့်ကိုမြင့် တက်စေနိုင်သည်။

ဤဟော်မုန်း ဓာတ်များသည်  သွေးတိုးခြင်းနှင့် နှလုံးရောဂါကို ဖြစ်စေသော  နှလုံးခုန်နှုန်း ဖြစ်ပေါ် စေနိုင်ကြောင်း သိရသည်။ ဒေါက်တာ ဟွီလျူ၏သီအိုရီကို ပြီးခဲ့သည့် သုတေသနက ပြခဲ့သည် မှာ ပျော်ရွှင်ချမ်းမြေ့ သာယာမှုရှိသော အိမ်ထောင်ရေးသည်  ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်အင်အား ကောင်းစွာ လွှမ်းမိုးထား နေသည်ကို တွေ့ရသည်။

မကြာသေးမီ ယူကေး တက္ကသိုလ်မှ သုတေသန တစ်ခုက ဖော်ထုတ်ပြ နေသည်မှာ မိမိ၏ အိမ်ထောင်ဖက်ဘဝ ကြင်ဖော်သည် ဘာမှအထောက်အကူ မပြုဘူးဟု ထင်နေကြသူများ သည် နှလုံးရောဂါ ရရှိနိုင်ခြေပို၍ ရှိသည်ဟု သိရသည်။

သိပ္ပံပညာရှင်များက တွေ့ရှိထားသည်မှာ မိမိ၏ အိမ်ထောင်ဖက်သည် တစ်ခါတစ်ရံ အထောက် အကူရပြီး တစ်ခါတစ်ရံ စိတ်ပျက်စရာ ကောင်းသည်ဟု ပြောကြသူများသည်  နှလုံးသွေး လွှတ်ကြောနှင့် ဆိုင်သော နှလုံးရောဂါ ဖြစ်စေနိုင်သည်ဟု တွေ့ရှိထားသည်။

ထိုသူများ၏ သွေးလွှတ်ကြောများ ရောဂါရပြီး သက်တမ်းမစေ့မီ စောစောသေကြရန် ကြီးမားသော အန္တရာယ် ရှိသည်။

မကြာသေးမီ လေ့လာချက် တစ်ခုအရ ထိမ်းမြားလက်ထပ်ခြင်း (ဝါ) အိမ်ထောင်ရေးသည်  ယောက်ျားသားများ အရိုးများကို ကောင်းမွန်လာ စေသည်။ ယောက်ျားသားများ အိမ်ထောင်ရေး တည်ငြိမ်ပါက အရိုးများပို၍ ခိုင်မာကြပြီး လူပျိုကြီးများ၏  အရိုးများက အိမ်ထောင်ရေး တည်ငြိမ်သူလောက် မခိုင်မာကြဟု  ပြောကြားခဲ့သည်။

သို့သော် သုတေသီများသည် ဤတွေ့ရှိချက်ကိုမူ ရှင်းလင်းစွာ မသိရသေးဟု ဆိုသည်။ သို့ဖြစ်၍ အိမ်ထောင်ရှင်တိုင်း ကျန်းမာရေး ကောင်းမွန်စေရန် မိမိတို့၏ အိမ်ထောင်ရေးကို အကောင်းဆုံး၊ အသာယာဆုံး ဖြစ်အောင် နေထိုင်သွားကြရန် လိုအပ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။    

Credit :   Myawady
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top