iMyanmarHouse.com - Best Property Website for Myanmar
×
















ဂျနီဖာ လိုပက်ဇ်၊ ကင်မ်ကာဒီ ရှီယန် စတဲ့ နာမည်ကြီး မင်းသမီး တွေကို အားကျ တဲ့ သူတွေဟာ သူတို့ လို ပုံစံ မျိုးပြု လုပ်ဖို့ စိတ်အား ထက်သန် နေကြ ပါတယ်။ ဂျနီဖာလိုပက်ဇ် နဲ့ ကင်မ်ကာဒီရှီယန် တို့ဟာ သူတို့ရဲ့ ကြီးမားလှ တဲ့အလှ တွေနဲ့ ပုရိသ ယောက်ျားတွေ ကို ဆွဲ ဆောင် ထားတာ ဖြစ် ပါတယ်။ ဗင်နီဇွဲလား နိုင်ငံ ဟာ ကမ္ဘာ့ အချောအလှဆုံးအမျိုးသမီးတွေ ကို မွေးထုတ်ပေးရာမှာ နာမည်ကြီးတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ 

ဗင်နီဇွဲ လားနိုင်ငံက အမျိုးသမီးတွေဟာ အလှအပရေးရာအတွက် သုံးစွဲတဲ့ ငွေကြေး က တစ်နှစ် ကိုဒေါ်လာ(၂ ဒသမ ၅) ဘီလီယံအထိရှိပါတယ်။ ဗင်နီဇွဲလား နိုင်ငံက အမျိုးသမီးတွေဟာ တင်ပါးကြီးအောင် ဆေးထိုးနေကြပြီး ဒီလို ပြု လုပ်တဲ့အရည် အတွက်က (၂၀၀၀)နီးပါး အထိရှိ နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီ ထဲက (၁၇) ဦးဟာ အ သက် အန္တရာယ်ဆုံးရှုံးသွားခဲ့ရတဲ့အခြေ အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒါကြောင့်မို့ ဗင်နီဇွဲလားအစိုး ရဟာ တင်ပါး ကြီး အောင် ဆေးထိုးမှုတွေကို ပိတ်ပင်ထားပါတယ်။ ဗင်နီ ဇွဲလားမှာ ဆီလီကွန်တွေကို တရား မ၀င်သယ် ဆောင်ခဲ့ လို့ရှိရင် ထောင်ဒဏ်(၂) နှစ်အထိ ချမှတ် နိုင် ပါတယ်။ ဒါပေမဲ့ အမျိုး သမီးတွေဟာ အလှအပရေးရာအတွက် တင်ပါး ကြီးအောင် ဆေးထိုးခြင်းတွေကို တ ရားမ၀င် နည်းလမ်းတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

 ဗင်နီဇွဲ လား နိုင်ငံ က အသက်(၂၀) နှစ် သာ ရှိသေး တဲ့ တက္က သိုလ် ကျောင်းသူ ဆိုဖီယာဟာ သူ့ရဲ့ တင်ပါးကြီးအောင် ဆရာဝန်တစ်ဦးထံ တရား မ၀င် ဆေးထိုးမှု ပြုလုပ်ခဲ့ပါ တယ်။

 ဒါကို အမေရိကန်နိုင်ငံရှိ ABC ရုပ်သံက ရိုက်ကူး တင်ဆက် ခဲ့ပါတယ်။ အမေရိကန် နိုင်ငံမှာ လည်း တင် ပါးကြီး အောင်ဆေးထိုးခြင်းကို တားမြစ်ပိတ်ပင်ထားပေမယ့် တွင်ကျယ်စွာ ပြုလုပ်နေဆဲဖြစ်ပါတယ်။

Credit : The Messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top