iMyanmarHouse.com - Best Property Website for Myanmar
×













မိဘတွေဟာ သား၊ သမီးတွေကို ချစ်ကြတယ်။ သူများထက် သာစေချင်တယ်။ ဒီအတွက် ပညာတွေ သင်ပေးကြတယ်။ ဒီလိုနဲ့ မိဘတွေ ရင်ထဲမှာ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို သားသမီးတွေရဲ့ ပုခုံးပေါ် တာဝန်အဖြစ် တင်ပေးလိုက်ကြပါတော့တယ်။

သားသမီးဆိုတာကလည်း မိဘရဲ့ အနစ်နာခံမှု၊ မိဘရဲ့ မေတ္တာတရားတွေကြောင့် မိဘဖြစ်စေချင်တာကို ကြိုးစားပြီး လုပ်ပေးတတ်ကြပါတယ်။ လူဆိုတာ ကြိုးစားတိုင်း ဖြစ်ချင်မှ ဖြစ်တတ်တာ။ မိဘဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်းနဲ့ မိဘဖြစ်ချင်တာကို မလုပ်ပေးနိုင်တဲ့ အခါ စိတ်ထွက်ပေါက်တွေ မှားသွားတတ်တယ်။ မိဘတွေရဲ့ အတ္တနဲ့ ဆန္ဒကို သားသမီးတွေဟာ သူတို့ ရဲ့ ပုခုံးပေါ်မှာ တင်ရင်း ထမ်းရင်းနဲ့ လောကအလယ်မှာ သူများထက် နောက်ကျသူတွေ ဖြစ်သွားတတ်ကြပါတယ်။

တကယ်တော့ မိဘဆိုတာ သားသမီး အတွက်လား၊ သားသမီးဆိုတာ မိဘအတွက်လား ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။

Credit:  ရွှေမန္တလေးဂျာနယ်
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top