စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး
စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ
ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော့်ပြလိုက်ပါတယ်
- စတော်ဘယ်ရီသီးမှာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို အကျိုးပြုမယ့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ Phytonutrient တွေလည်း ပါဝင်ပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
- စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ ဗီတာမင် B2၊ B6၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေလည်း ပါဝင်ပါတယ်။
- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်းစားဖို့လိုပါတယ်။
- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ်ဆတ်ဆတ်စားလို့ ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကိုတာရှည်ခံအောင် ပြုပြင်အေးခဲထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံး မဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။
- စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာ အရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေ ခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာ မဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီး အာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။
- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်းတတ်ပါတယ်။
-ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေထိခိုက်ပျက်စီးနေတတ်တာကြောင့်ပါ။
- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲ စတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင်ေ
သသေချာချာ ရေဆေးသင့်ပါတယ်။ နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့ စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။ ချက်ချင်းမဖယ်မိရင် ဘေးနားကတခြားစတော်ဘယ်ရီသီးတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။
- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို
ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာအောင် သိမ်းဆည်းထား နိုင်ပါတယ်။
Credit : Good Health
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...