iMyanmarHouse.com - Best Property Website for Myanmar
×










နေကြာစေ့ စားပြီး ရွှေတစ်ကျပ်သား
ကံစမ်းမဲ ပေါက်ချင်တဲ့ လူများဟာ ဆိုရင်ဖြင့်...

နေပြည်တော်လက်မှတ် ဖြတ် ပြီး...
ရန်ကုန်အထိ တက် ချင်ကြသော လူများဟာ ဆိုရင်ဖြင့်...

ချစ်ခြင်းမေတ္တာ အရင်းခံ ဖြင့်...
သူဌေးသား သူဌေးသမီး ရရင် ပြီးရော ဆိုသော လူများဟာဖြင့်...

ကျွဲပါး စောင်းတီးမိတာကို...နွား ပလာတာ ကျွေးမိပါတယ် လို့
ချော်လဲ ရောထိုင် နစ်နာကြေး တောင်းတတ်ကြသော လူများဟာ ဖြင့်...

လူငယ်မကျ လူကြီးမကျ...မင်းလား ငါကွ...အကြံကုန် ဂဠုန်ဆားချက်...
မနူးမနပ် ကလေးတွေ ကို ဗိုလ်ကျတတ်သော လူများဟာဖြင့်...

ငါ ခေါင်းဆောင် ပြန်မပြောနဲ့ ပါးရိုက်လိုက်လို့... မင်းတို့တွေ သွားနှင့်ကြ
ဒီဘီယာဆိုင်လေးမှာ ပဲ ငါ့အသက်ကို စတေး လိုက်မယ်ဆိုသော လူများဟာဖြင့်...

သူများ ကောင်းလျှင် အကောင်းတစ်ခွန်း မပြောပဲ...မိမိ ကောင်းမိ ပါက...
အမြည်းဇွတ်ကျွေး ပြီး မားကတ်တင်း ဆင်းတတ်ကြသော လူများဟာဖြင့်...

ရွှေတွဲလဲ ငွေတွဲလဲ ပန်ဆင်ထားသော်လည်း...
ကန်စွန်းရွက် အာဟာရ သိဒ္ဓိဖြင့် တင်းတိမ်နိုင်သော လူများဟာဖြင့်...

အနေမဟန်... လေကန်ပြီး... ကြုံရာလူ နဲ့...ဟိုပြောဒီပြော...
ပါးစပ် ဖွင့်...ဖင် ပိတ် စနစ် ကျင့်သုံးတတ်သော လူများဟာဖြင့်...

အမြီးကျက် အမြီး ခေါင်းကျက် ခေါင်း...တစ်ကိုယ်လုံးကျက် တစ်ကိုယ်လုံး
မိမိ မစားရပါက သဲနဲ့ ပက်သော လူများဟာဖြင့်...

အမဲရိုးနှယ် ဟင်းမှဘာဖြစ်တယ်...ရော့ ရော့ အိုးတန်ဆန်ခတ် ဟု ဆိုကာ...
ကိုယ့် သား အရွယ်ကို အဘ အဘ ခေါ်တတ်ကြသော လူများဟာဖြင့်...

နောက်လူကောင်းစားရေး စီမံကိန်း ရေးဆွဲပြီး...
သေမှ အမျှဝေသံ ထိုင်စောင့်နေရသော လူများဟာဖြင့်...

မရှိလို့ မလှူ...မလှူ လို့ မရှိ ဆိုသော စကားအတိုင်း...
ဒုက္ခသည် များ၏ အ၀တ်အစားကို လေဘေးထုတ် တတ်ကြသော လူများဟာဖြင့်...

ငါ့ ဘာသာရေး က အမြင့်မြတ်ဆုံးဟု မြည်ကြွေးကာ...
အရက်ဝိုင်း ကို ရင်နာမှု နဲ့ ခပ်ပြင်းပြင်း ထုတတ်ကြသော လူများဟာဖြင့်...

ရေမြောင်းချင်း ယှဉ်ရင်တော့ တို့အိမ်ရှေ့ က ပို နက်တယ်...ဟု ဆံပင်၏ တလွဲကောင်းခြင်း ငါးဖြာဖြင့် ပြည့်စုံကာ မြောင်းပိတ်နေသော လူများဟာဖြင့်...

ကြားထဲကနေ မင်းကို ၀င်မပြောနဲ့ သူ ဆက်ပြောပါစေ ဆိုပြီး...
အမြောက် မီးရှုးပန်း ကြိုက်တတ်သော လူတွေဟာဖြင့်

မိမိအတွက်သခင် ပုံတွေ ချိတ်ပြီး တစ်ဖက်သား ကျွန် စိတ် မ၀င်ဝင် အောင်...
ပြောဆိုကာ ခိုင်းတတ် စေတတ် သော လူတွေ ဟာဖြင့်...

စားဖား ဆို ကောက်...ရိုက်ဖားဆို ခြောက်...
ကျောက်ဖား ဆို သေးထွက်တတ်သော လူတွေ ဟာဖြင့်...

သူတစ်ပါး မျက်ချေးကို သာမြင်ပြီး...
မိမိ ကိုယ်တိုင် မျက်နှာ မသစ်သော လူတွေ ဟာဖြင့်...

မျက်နှာ သနပ်ခါး...ပေါင် သေးကြောင်း...အိပ်လျှင်ဖင်ဟောင်းလောင်းဖြင့်...
အသက် ၁၈ ပြည်အထိမ်းအမှတ် ကြော်ငြာဝင် တတ်သော လူတွေ ဟာဖြင့်...

အကြီး အကြီးမှန်း မသိ...အငယ်အငယ်မှန်းမသိ...ရွယ်တူ ရွယ်တူ မှန်းမသိ...
မသိရူးချင်ယောင်ဆောင်ရင်း...တကယ်ရူးသွပ် သွားသော လူတွေဟာဖြင့်...

လက်သည်းဆိတ် လက်ထပ်နာ...အမျိုးထိ ဓားကြည့် ဟု ဆိုကာ...
မိဘဘိုးဘွားအမွေ ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်သွားသော လူတွေ ဟာဖြင့်...

လမ်းဘေး သေး ပေါက်ပြီး...
စည်းကမ်း ကြီး သော လူများ ဟာဖြင့်...

သူများ ငိုနေလျှင် ကြိတ်ပျော်တတ်သော
အလိုလို စိတ်ရွှင်လန်းနေတတ်သော လူများဟာ ဖြင့်...

သားသမီး နောင်ရေးကို
ဖဲဝိုင်းတွင် တိုင်ပင်တတ်သော လူများဟာဖြင့်...

နေ အထွက်မှာ ရွှေခွက် ကိုင်ပြီး
လေဖြတ် သွားမည့် သူများသာ

ကဲ!!!
ဦးကြီး ဘာလိုသေးလဲဗျာ...!!!

Credit :  We Live in Philosophy
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top