iMyanmarHouse.com - Best Property Website for Myanmar
×










၁) ကိုယ်ပိုင်စတိုင်

အင်တာဗျူးမှာ ဘာများဝတ်သွားရင်ကောင်းမလဲ စဉ်းစားတဲ့ အခါ ပထမဆုံးအချက်အနေနဲ့  ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်က ဘာလဲဆိုတာ စစဉ်းစားပါ။

ကိုယ်က ဘောင်းဘီစွဲစွဲမြဲမြဲ ဝတ်တတ်သူလား၊ ဂါဝန်လေးတွေသာ ကြိုက်တတ်သူလား၊ ရိုးရိုးဝတ်တတ်သူလား၊ Formal suit တွေမုန်းသူလား?? ကိုယ်ဝတ်နေကြပုံစံက သာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေတာမို့ ဝတ်နေကြ စတိုင်ကို စရွေးသင့်ပါတယ်။

ဂါဝန်ချစ်သူ














ဂါဝန်က interview တွေမှာ မသင့်တော်ဘူးဆို တာ မဟုတ်ပါဘူးတဲ့။

ဒီဆိုင်းမရှုပ်လွန်းသော၊ အရောင်မများလွန်းသော ဂါဝန်ကို ဝတ်နိုင်ပါတယ်။ ဂါဝန်က အနည်းငယ်တိုခဲ့မယ်ဆိုရင် legging၊ tights များနဲ့ ဝတ်နိုင်ပါတယ်။ အရမ်းတိုလွန်းတဲ့ဂါဝန်များကို တော့ ရှောင်သင့်ပါတယ်။

ဂါဝန်လေးနဲ့ သွားတဲ့အခါ Formal Jacket တခုကိုတော့ ဆောင်သွားသင့်ပါတယ်။ ကိုယ်ရောက်သွားတဲ့ အခါ အခန်းက အရမ်းနေတဲ့အခါမျိုး၊ ဒါမှမဟုတ် ရုံးကလူအများစုကေ၇ှးရိုးဆန်ဆန် Formal သီးသန့် သာဝတ်ကြတဲ့ အခါမျိုးတွေမှာ ဟန်မပြတ် Jacket လေးထပ် ဝတ်ပြီး နေလိုက်ရုံပါပဲ။

ဘောင်းဘီများကို စွဲမြဲစွာဝတ်တတ်သူ















ဘောင်းဘီကြိုက် တတ်သူတွေကတော့ စိတ်အေးရပါတယ်။ ဂျင်းပန်ကလွဲလို့ ကိုယ်ကြိုက်နှစ်သက်တဲ့ ရုံးဝတ်ဘောင်းဘီရှည်တထည်ကို Shirt လက်ရှည်လေးနဲ့ ပဲဖြစ်ဖြစ်၊ Jacket လေးထက်လို့ ဖြစ်ဖြစ်ဝတ်သွားနိုင်ပါတယ်။ အစက်ပြောက်၊ လိုင်းပါတဲ့ ဘောင်းဘီများကို ဝတ်ရင်တော့ အပေါ်က အရောင်တူ ပြောင် Shirt or Jacket ကိုသာဝတ်သင့်ပါတယ်တဲ့။ Quarter Pant မျိုးကို တော့ Casual ကျလွန်းတဲ့ အတွက်ရှောင်သင့်ပါတယ်။

စကတ်ကြိုက်သူများ















မတိုလွန်း၊ မရှည်လွန်းသော စကတ်လေးကို အမျိုးသမီးဝတ် ဆွယ်တာလေးနဲ့ ဖြစ်ဖြစ်၊ formal shirt ကလေးနဲ့ ဖြစ်ဖြစ်ဝတ်နိုင်ပါတယ်။ တိုလွန်းတဲ့စကတ်တွေကို တော့ အသက်ကြီးသူအမျိုးသားအများစုနဲ့  အမျိုးသမီး အင်တာဗျူးမေးသူများက မကြိုက်ဘူးလို့  interview guide ရေးသူများက ရေးကြပြီးေ၇ှာင်ဖို့  တိုက်တွန်းထားပါတယ်။

မြန်မာဝတ်စုံကြိုက်သူများ















တချို့ မိန်းကလေးများကေ၇ှးကုသိုလ်ကောင်းလွန်းပြီး ကိုယ်လုံးကိုယ်ထည်ပြေပြစ်လို့ မြန်မာဝတ်စုံများနဲ့ လိုက်ဖက်ပြီး အလွန်ကြက်သရေရှိကြပါတယ်။ ကိုယ်က မြန်မာမှာနေသူမို့ အင်တာဗျူးသွား၇င် မြန်မာလို လေးလည်း ဝတ်နိုင်ပါတယ်။ အရမ်းမပါးလွန်းတာမျိုးဆို ကျက်သရေရှိစွာနဲ့ အင်တာဗျူးသူ သဘောကျမှာ သေချာပါတယ်။

၂) လက်ကိုင်အိတ်















လက်ထဲမှာ အိတ်နှစ်လုံးထက်ပို မပါသင့်ပါဘူး။ အိတ်တွေများလွန်းရင် ကိုယ်တိုင် ဘရုတ်သုတ်ခ ဖြစ်နေသလို မြင်ရသူကို လည်း စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ လိုအပ်တဲ့ စာရွက်စာတန်းအားလုံးထည့်ဖို့  ဖိုင်တွဲတခုရယ်၊ လက်ပွေ့ အိတ် ဒါမှမဟုတ် လက်ကိုင်အိတ်တလုံးနဲ့ ပဲသွားသင့်ပါတယ်။ ဖုံးတွေ၊ ကားသော့တွေ လက်ကကိုင်ပြီး ရှုပ်နေတာမျိုးမဖြစ်စေပဲ အားလုံးကို လက်ကိုင်အိတ်ထဲသာ သိမ်းထားလိုက်ပါ။

၃) ဖိနပ်













တတ်နိုင်ရင် ဖိနပ်အမြင့်သာ စီးသင့်ပါတယ်။ ဖိနပ်အမြင့် က ကိုယ်အနေထားကို မတ်သွားဖို့ အထောက်ကူပေးသလို formal အဝတ်များနဲ့ လိုက်ဖက်ပါတယ်။ စီးနေကျမဟုတ်ခဲ့ရင်တောင် အနည်းငယ် ထူတဲ့ ဖိနပ်တရံ ဝယ်ပြီး တရက်လောက်ကြိုစီးထားလိုက်ပါ။ အနက်ရောင် ဒါမှမဟုတ် ကိုယ်ဝတ်မယ် ဝတ်စုံနဲ့ တူတဲ့ အေ၇ာင်ကိုသာ စီးသင့်ပါတယ်။

 နောက်ဆုံးအနေနဲ့ေ၇ှာင်ရန်လေးတွေကတော့  ဟောင်းလွန်းတဲ့ အဝတ်အစား၊ အေ၇ာင်တောက်လွန်း ဒီဆိုင်းဆန်းလွန်းသော အဝတ်အစား၊ ကိုယ်တခါမှ မဝတ်ဖူးသော အဝတ်ဒီဆိုင်းများနဲ့  များပြားလွန်းသော လက်ဝတ်လက်စား (accessories) များပါတဲ့ ။

လမ်းလျှောက်တဲ့ အခါ၊ ထိုင်တဲ့ အခါ ကိုယ်လေးကို သတိနဲ့ မတ်မတ်ကလေးနေလို့ ၊ ပြုံးပြုံးလေးနဲ့ စကားကို ဖြေးဖြေးရှင်းရှင်းပြောမယ်ဆိုရင်တော့ ပြည့်စုံပြီပေါ့ရှင်။ ကျေးဇူးတင်ကြောင်းပြောဖို့ လည်း မမေ့ခဲ့နဲ့ နော်

အလုပ်ရှာနေသူကိုကိုများက တော့ သိပ်ေ၇ွးစရာမလိုတာမို့  “ဘောင်းဘီများကို စွဲမြဲစွာဝတ်တတ်သူ” အတွက် ရေးထားတားလေးကို ပဲ မ နဲ့ ကျားပြောင်းလို့ ဖတ်နိုင်ပါတယ်ရှင်။

အလုပ်သစ်အတွက်ကြိုးစားနေကြတဲ့ ရွှေချစ်သူများအားလုံး စိတ်ကြိုက်အလုပ်ကို
 အမြန်ဆုံးရနိုင်ကြပါစေရှင်။

Credit : Shwe Beauty

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top