iMyanmarHouse.com - Best Property Website for Myanmar
×










အဖြစ်အပျက်အမှန်လေးပါ။

တနေ့ ကျနော် ကျောင်းကနေ စောစောပြန်လာခဲ့တယ်။ အိမ်မှာ အမေ့ကို ကူစရာတခု ရှိနေလို့ပါ. အိမ်ပြန်လမ်း၊ ကျနော်ရှေ့မှာ စာအုပ်တွေအများကြီး နဲ့ ပစ္စည်းတွေကို မနိုင်မနင်းသယ်နေတဲ့ ကျနော် အရွယ် ကောင်လေး တစ်ယောက်ကို တွေ့ပါတယ်။

ဒီလောက်များတဲ့ ပစ္စည်းတွေ သူဘာလုပ်မလို့လဲ လို့ ကျနော် တွေးနေရင်းမှာ ပဲ သူချော်လဲကာ သူ့ပစ္စည်းတွေ အောက်ကို ကျကုန်တယ်။ စာအုပ်တွေ၊ အ၀တ်တချို့၊ ဘောလုံး အစရှိတဲ့ ဟာတွေ မြေပေါ် ပြန့်ကျဲကုန်ပါတယ်။

ကျနော်လည်း ချက်ခြင်းပဲ သူ့ဆီသွားပြီး မြေပေါ်ကျနေတဲ့ စာအုပ်တွေ ပစ္စည်းတွေကို ကူကောက်ပေး ပါတယ်။ ပြီးတော့ အိမ်ဘယ်မှာလဲ လို့ မေးတော့ ကျနော် နေတဲ့ အိမ်နဲ့ နှစ်အိမ်ကျော်မှာပါပဲ၊ ဆိုတော့ လမ်းကြုံ တယ် ကူသယ်ပေးမယ်လို့ ကျနော် သူကို ပြောရင်း လမ်းတစ်လျှောက် ကျနော် တို့ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်သွားပါတယ်။ သူ့ နာမည်က bill ။

သူ့အိမ်ရောက်တော့ သူက ကျနော့် အအေးတိုက်ပါတယ်။ ပြီးတော့ သိပ်မကြာ ပါ ကျနော်တို့ ကစားဖော်ကစားဖက် ဖြစ်သွားပါတယ်။ သူက ကျနော့် ကျောင်းတော့ မတူပါ၊ သို့သော် ညနေတိုင်း ကျနော်တို့ အတူ ဘောလုံး ကန်ဖြစ်ပါတယ်၊ သူက ခင်ဖို့ ကောင်းပါတယ်။

ဒါနဲ့ ကျနော်တို့ ကျောင်းပြီးတဲ့ နှစ်ကို ရောက်လာပါတယ်။ Bill လည်း ကျနော်
ပြီးတဲ့ နှစ်မှာပဲ ကျောင်းပြီးပါတယ် graduation ပွဲနေ့ရောက်တော့ သူ့တို့ ကျောင်းက ပိုပြီး စောလုပ်တဲ့ အတွက် ကျနော့်ကို Bill က သူ့ graduation ပွဲ ကို လာတက်ပေးဖို့ တောင်းဆိုတော့ ကျနော်လည်း တက်မယ်လို့ ပြောလိုက်ပါတယ်။

Bill က ကျောင်းမှာ Top ဖြစ်တော့ graduation ပွဲမှာ မိန့်ခွန်း ပြောဖို့ ကျောင်း ကရွေးထားတာပါ။ သူ့ မိန့်ခွန်း ပြီးတော့ ကျနော် မျက်ရည်များနဲ့ ပီတိ ဖြစ် ခဲ့ရပါတယ်။

သူ့မိန်ခွန်းမှာ ကျနော်နဲ့ စတွေ့နဲ့ နေ့က အကြောင်းကနေ စပြောပါတယ်။ အဲ့နေ့က သူ ပစ္စည်း တွေ အိမ်သယ်ပြန်ရတဲ့ အကြောင်းရင်းကတော့ သူ့ကိုယ့်ကို သတ်သေ မလို့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းမှာ သူက အမြဲတမ်း အနိုင်ကျင့်ခံရပါတယ်။

အနိုင်ကျင့်တတ်တဲ့ ကျောင်းသားတွေကို ကြောက်တာနဲ့ သူ့ကို ဘယ်သူမှ မပေါင်းရဲပါဘူး။ အဖေကွယ်လွန်ပြီး နောက်ပိုင်း အမေလုပ်သူကလည်း
နေ့တိုင်း အလုပ်ကို ညနက်ထိ အလုပ်လုပ်ရတဲ့အတွက် သူ့အမေကိုလည်း စိတ်မညစ်စေချင်တဲ့ အတွက် မပြောဖြစ်ခဲ့ပါဘူး။

ဒါကြောင့် သူစိတ်အားငယ်ကာ ကိုယ့်ကို သတ်သေပြီးရင် ကျောင်း locker ထဲက ပစ္စည်းတွေ သူ့အမေ သယ်နေရမှာ စိုးလို့ သူ အိမ်ကို သယ်ပြန်လာ တာပါ။ လမ်းမှာ ကျနော်နဲ့ တွေ့ပြီ သူငယ်ချင်းအသစ်ရသွားတဲ့ Bill ဟာ စိတ်အားငယ်နေရာကနေ ပျော်ရွှင်လာပါတယ်။ ဟုတ်ပါတယ် သူ့ ကျောင်းက ပြဿနာ ရင်ဖွင့်ချက်တွေကို ကျနော် အမြဲတမ်း အကြံပေး ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက အဲ့လောက် ကြီးကျယ်မှန်း ကျနော် မသိခဲ့ပါ။

မိန့်ခွန်းအပြီးမှာ သူက ကျနော့်ကို ပြောပါတယ်။ Mark မင်း ငါ့ကို စာအုပ် မကူ သယ်ပေးခဲ့ရင် ဘ၀ဟာ ပျော်စရာကောင်းတာတွေ ရှိသေးတယ် ဆိုတာ ငါသိလိုက်ရမှာ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ် fri.. 



Credit : သုတစွယ်စုံကျမ်း


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top