iMyanmarHouse.com - Best Property Website for Myanmar
×














အလှမယ်အဖြစ် သီးသန့်ရပ်တည်ဖို့ အခက်အခဲရှိနေတာကြောင့် သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ်လို့ နန်းခင်ဇေယျာက သူ့ရဲ့ ၂၆နှစ်ပြည့် မွေးနေ့မှာ ပြောလိုက်ပါပြီ။ မြန်မာပြည်မှာ အလှမယ်သီးသန့်အဖြစ် ရပ်တည်ရတာ ဘာတွေခက်ခဲနေပါသလဲ။

Miss International 2012 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် ၁၅ယောက်ထဲ ရွေးချယ်ခံခဲ့ရတဲ့ နန်းခင်ဇေယျာက အပျိုစင်ပညာပေး ဇာတ်ကားနဲ့ ဧပြီညွှန်းစာဆိုတဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့အတူ သရုပ်ဆောင် အနုပညာလောကထဲ ခြေချတော့မယ်လို့ မတ်လ ၁၂ရက်နေ့မှာ ဆိုပါတယ်။

လာမယ့် အနာဂတ်ကို ကြိုတင်မသိနိုင်တာကြောင့် ဖြတ်သန်းရမယ့် ၂၇နှစ်မြောက် ဘဝခရီးလမ်းမှာ အကောင်းဆုံးကြိုးစားမယ်လို့ ကန်တော်ပဲလေ့စ်ဟိုတယ်မှာ ကျင်းပတဲ့ သူ့ရဲ့ မွေးနေ့ပါတီပွဲမှာ အမှတ်တရ ဆိုပါတယ်။

နန်းခင်ဇေယျာဟာ Miss Internet ဆုကို ရွေးချယ်ခံခဲ့ရပြီး အလှမယ်လောကမှာ လမ်းသစ်ဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေများစွာမှာ ပါဝင်ကူညီခဲ့ပြီး ဧည့်လမ်းညွှန်အဖြစ် ရပ်တည်မှုကို အဆုံးသတ်ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်ကို လျှောက်လှမ်းတော့မှာလည်း ဖြစ်ပါတယ်။

credit to Myanmar CNN

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top