iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး အဆိုအဖွဲ့ဖြစ်သော SISTAR အဆိုအဖွဲ့မှ အဆိုတော် ဘိုရာသည SBS ရုပ်သံမှ ရိုက်ကူးသော Doctor Stranger ဇာတ်လမ်းတွဲသစ်တွင် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

ဘိုရာပါဝင် သရုပ်ဆောင်ထားသည့်  Doctor  Stranger ဇာတ်လမ်းတွဲကို SBS ရုပ်သံတွင် တနင်္လာ၊ အင်္ဂါနေ့တို့တွင် အပတ်စဉ် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ပြီး ၎င်းဇာတ်ကားသည် တောင်ကိုရီးယား နိုင်ငံ၏ ထိပ်တန်း ဆေးရုံတစ်ရုံတွင် အလုပ် လုပ်ကိုင်နေသော  မြောက် ကိုရီးယား ပြည်ပြေး ဆရာဝန်တစ်ဦး၏ အကြောင်းကို ရိုက်ကူးထားသော ဆေးပညာနှင့် ထောက်လှမ်းရေး ဇာတ်ကွက်ဆန်းများ ပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ကြောင်း ဘိုရာ၏ Starship အနုပညာ အေဂျင်စီက ထုတ်ဖော် ပြောကြားခဲ့သည်။

Doctor Stranger ဇာတ်ကားသည် ဘိုရာ၏ ပထမဆုံး သရုပ်ဆောင်ထားသော ဇာတ်ကားဖြစ်ပြီး သူမသည်မြောက်ကိုရီးယား  ပြည်ပြေးဆရာဝန်နှင့် ချစ်ကြိုက်မိသော နောက်ထပ် မြောက်ကိုရီးယား ပြည်ပြေး ဆရာဝန်မလေးအဖြစ်  သရုပ်ဆောင် ထားကြောင်း၊ ဘိုရာသည် သူမ၏ ဇာတ်ကောင်အတွက်  အပြင်းအထန် ကြိုးစားထားသည် ဖြစ်ရာ ပရိသတ်များက သဘောကျ အားပေးကြမည်ဟု မျှော်လင့်ကြောင်း ဘိုရာ၏ အေဂျင်စီက ထပ်မံ ပြောကြားခဲ့သည်။  ၎င်းဇာတ်လမ်းတွဲ၌ လီဂျောင်ဆပ်၊ ပတ်ခ်ဟေးဂျင်၊ ဂျင်ဆွယ်ယွန်း၊ ကန်ဆိုရာနှင့် သရုပ်ဆောင် များစွာ ပါဝင်ကြောင်း သိရသည်။   

Credit :  မြ၀တီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top