iMyanmarHouse.com - Best Property Website for Myanmar
×














လူအမြင်မှာ အရပ်ရှည်ရှည် ပိန်ပိန် ဖြစ်စေတဲ့ Fashion guideline ဆောင်ရန်၊ ရှောင်ရန်များ ကို ရွှေမြန်မာမလေးများ ၀တ်စားဆင်ယင်ရာမှာ အကျိုးပြုစေဖို့ ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။

၁) အ၀တ်အစား Fashion မပြောခင်မှာ ပထမဆုံး မတ်မတ်နေခြင်း၊ မတ်မတ်လမ်းလျှောက်ခြင်း၊ မတ်မတ်ထိုင်ခြင်း စတဲ့ ကိုယ်နေဟန်ထား ဟာ အရပ်ပုပု၊ လတ်လတ် ၊ ရှည်ရှည် အားလုံး အတွက် အလွန်အရေးကြီးဆုံး အချက်ဖြစ်တာကို သိစေချင်ပါတယ်။

၂) ဖိနပ်အမြင့်တွေဟာ လူတိုင်းလည်းသိပြီးသားဖြစ်တဲ့ အရပ်မြင့်စေတဲ့ အလွယ်ဆုံး ၊ အသုံးဝင်ဆုံး အထောက်အကူ ပစ္စည်းဖြစ်ပါတယ်။ အရပ် သိပ်မရှည်သူများအတွက် အ၀တ်အစား ဘာပဲဝတ်ဝတ် ဖိနပ်မြင့်မြင့် တစ်စုံ ကတော့ အမြဲဝတ်ရမယ့် အရာဖြစ်ပါတယ်။

၃) အရောင်တစ်ရောင်တည်း ၀တ်ဆင်ခြင်းဖြစ်တဲ့ အပေါ်အောက် တစ်ဆက်တည်း ဂါဝန် ( သို့မဟုတ်) အပေါ် နှင့် အောက် တစ်ရောင်တည်းဝတ်ခြင်းဟာ အမြင်မှာအရပ်ကို ရှည်စေတဲ့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ပိန်တယ်လို့ လည်း ထင်ရစေပါတယ်။

၎) အရောင်ထဲမှာ အနက်ကစပြီး ရင့်တဲ့ အရောင်တွေဟာ လူကို ပိန်ပိန် ရှည်ရှည် ဖြစ်စေလို့ အရောင်ရင့်ရင့်လေးတွေ ၀တ်ဖို့ လည်းမမေ့ကြနဲ့ နော်။

၅) အလွန်ရှည်တဲ့ ကုတ်တွေဟာ ခြေတံကို တိုစေပြီး အရပ်ပုစေလို့ သင်ဟာ အရပ် သိပ်ရှည်သူမဟုတ်ရင် ရှောင်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

၆) Double-breasted coats ရင်ဘတ်မှာ ကြယ်သီး ဘယ်တစ်လိုင်း ညာတစ်လိုင်း ပါတဲ့ ဒီလို ကုတ်မျိုးတွေဟာလည်း လူကို ၀၀ ပုပု ဖြစ်စေလို့ သင်ဟာ အရပ်ရှည်သူမဟုတ်ရင် ရှောင်သင့်ပါတယ်။

၇) အပေါ် ကုတ်လေးတွေ jacket လေးတွေ ၀တ်တာကြိုက်တယ်ဆိုရင် အတို (သို့) ကိုယ့်ခါးထိမရောက်သော ကုတ်ကို ရွေးမှသာ ကိုယ့်ခြေတံ ကို ပိုရှည်စေပြီး ပိန်ပိန်သွယ်သွယ် ဖြစ်စေပါတယ်။

၈) အရပ်သိပ်မရှည်သူတွေဟာ ဘောင်းဘီဝတ်တော့မယ်ဆိုရင် 3 quarter ၊ 4 quarter နဲ့ အဖျား ခေါက်ထားတဲ့ ဘောင်းဘီတွေကို ရှောင်သင့်ပါတယ်။ ဘောင်းဘီအရှည်ကို သာ ဒေါက်ဖိနပ်နဲ့ ၀တ်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။

၉) ရုံးဝတ် formal ၀တ်တဲ့ အခါ ဒီလို ခါးထဲ အပေါ်အင်္ကျီ ထည့်ဝတ်ခြင်းဟာ လည်း အောက်ပိုင်းကို ပိုရှည်စေလို့ အရပ်ပုသူတွေအတွက် အထောက်အကူပြုတဲ့ ၀တ်စားဆင်ယင်နည်း တစ်ခု ဖြစ်ပါတယ်။အဲလိုမှ မဟုတ်ဘဲ အပေါ်အင်္ကျီကို အပြင်ထုတ်ဝတ်မယ်ဆိုရင် အရပ်ပုသူတွေအတွက် ကလေးက လူကြီး လုပ်သလို ရယ်စရာ ဖြစ်တတ်ပါတယ်။

၁၀) ဒေါင်လိုက်အစင်းတွေကလည်း အရပ်ကို ပိုရှည်စေတယ်လေနော်။

၁၁) နောက်ဆုံး တစ်ခုက တော့ စည်းထားသောဆံပင် သို့ ဆံပင်အတို ကလည်း လူကို အရပ်ရှည်တယ်လို့ ထင်စေရပါတယ်တဲ့။ကဲ ပိန်ပိန်ရှည်ရှည် ဖြစ်စေတဲ့ အ၀တ်အစားလေးတွေ ၀တ်စားဆင်ယင်ကြည့်ကြရအောင်။

Credit : shwebeauty
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top