iMyanmarHouse.com - Best Property Website for Myanmar
×














ရုံးထဲပဲဖြစ်ဖြစ်၊ ရုံးပြင်ပဲဖြစ်ဖြစ် High Heels (ဖိနပ်အမြင့်) တွေကို ကျွန်မ အလွန်နှစ်သက်ပါတယ်။ ဒါပမေယ့် တစ်ခါတစ်လေတော့လည်း သူတို့က ကျွန်မခြေထောက်တွေကို အရမ်းဒုက္ခပေးပါတယ်။ ဒီတော့ သက်သောင့်သက်သာ ဖြစ်မယ့် တစ်ခုခုများ ရှိမလား။

(၁)     ဖိနပ်အမြင့်ရဲ့ အနေအထား
          တကယ်လို့ heel တွေဟာ ဖိနပ်အနောက်ပိုင်းနဲ့ အရမ်းဝေးလွန်းတဲ့အခါ သင့်ရဲ့ အလေးချိန်ကို ကောင်းစွာမထိန်းထားနိုင်ပါဘူး။ ဒေါက်ရဲ့အလယ်လိုင်းဟာ သင့်ခြေဖနောင့်ရဲ့ အလယ်လောက်မှာ ရှိနေသင့်ပါတယ်။ ဒေါက်အထူတွေ ဆိုရင်တော့ ဒီအချက်ကို အထူးဂရုစိုက်စရာ မလိုပေမယ့် ဒေါက်အချွန်တွေ အတွက်ဆိုရင်တော့ သတိထားရပါမယ်။


(၂)     အောက်ခံ အထူ/အပါး
        ဖိနပ်အမြင့်တွေဟာ များသောအားဖြင့် အောက်ခံအထူတွေနဲ့ ပိုပြီးသက်သောင့်သက်သာ ရှိပါတယ်။ ဒီတော့ ပိုမြင့်တဲ့ အနေအထားဟာ အမြဲတမ်း ပိုကောင်းတဲ့ စိတ်ကူးတစ်ခုပါပဲ။

(၃)     အောက်ခံ အမျိုးအစား
          ဒေါက်ဖိနပ်တွေရဲ့ အောက်ခံဟာ သစ်သား (ဒါမှမဟုတ်) ပလတ်စတစ် အမာတွေနဲ့ လုပ်ထားသလား။ သားရေ ၊ ရာဘာစတာတွေနဲ့ လုပ်ထားတဲ့ ဖိနပ်အောက်ခံ ဆိုးလ်တွေဟာ သင့်ကိုပိုပြီး သက်သောင့်သက်သာ ရှိစေပါတယ်။

(၄)     ဒေါက် အကြီး/အသေး
          ဒေါက်က ပိုကြီး၊ ပိုထူလေ ပိုပြီးတော့ ခိုင်ခံ့လေပါပဲ။ ဒေါက်တွေက အရမ်းမသေးဖို့နဲ့ ဖိနပ်အောက်ခံ တစ်ခုလုံးက မြေကြီးကို ထိထိမိမိ တွေ့ထိနိုင်ဖို့တော့ လိုအပ်ပါတယ်။

(၅)     လုံခြုံစိတ်ချရမှု
          သင့်ရဲ့ ဒေါက်ဖိနပ်တွေထဲကနေ ပိုပြီး ချော်ထွက်နိုင်လေလေ သင်လမ်းလျှောက်တာ အဆင်ပြေဖို့ အခွင့်အလမ်း ပိုနည်းလေလေပါပဲ။ သင့်ရဲ့ဖိနပ်ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက အပိုပစ္စည်းတစ်ခု ဖြစ်တယ်လို့ ခံစားမိနေရပါမယ်။ သင်နဲ့ မရင်းနှီးတဲ့ အရာတစ်ခုအဖြစ် ခံစားနေရရင်တော့ ချော်လဲဖို့ အခွင့်အလမ်း အတော်လေးများနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ဖိနပ်မြင့်ရွေးချယ်တဲ့အခါ အန္တရာယ် ကင်းမှုကို ဦးစားပေးထားတဲ့ ဖိနပ်မျိုးကို ရွေးချယ်ရပါမယ်။

ဒီနည်းလမ်း(၅)ချက်နဲ့ ကိုက်ညီအောင် ရွေးချယ်နိုင်ရင်တော့ သက်သောင့်သက်သာ ရှိမယ့် ဖိနပ်အမြင့်တစ်ရံကို မှန်ကန်စွာရွေးချယ်နိုင်လိမ့်မယ် ထင်ပါတယ်။

Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top