iMyanmarHouse.com - Best Property Website for Myanmar
×














Oscar ဆုအတွက် လျာထားခံ ရတိုင်း၊ Hollywood ကသရုပ်ဆောင် ဖြစ်တိုင်းလည်း ချမ်းသာမယ်၊ နောင်ရေး စိတ်ချရမယ် မထင်ပါနဲ့။ 

 Oscar ဆုအတွက် အမည်စာရင်း သွင်းခံခဲ့ ရတဲ့ Captain Phillips ထဲက သရုပ်ဆောင် Barkhad Abdi ကသူကိုယ်တိုင်လည်း အကောင်းဆုံး ဇာတ်ပို့ အဖြစ် လျာထား ခံရပေမယ့် လက်ရှိမှာ ပိုက်ဆံ မရှိဘဲ ဘ၀ပျက် နေပါတယ်။ ရုပ်ရှင် မရိုက်ခင်က ယာဉ်မောင်းနဲ့ သူ့အစ်ကိုရဲ့ ဖုန်းဆိုင်မှာ အလုပ်လုပ် ခဲ့ပေမယ့် ရုပ်ရှင်ထွက် ပြီးနောက် သူ့အလုပ်ကနေ ထွက်ခဲ့ ပါတယ်။ 

ဒီဇာတ်ကား အတွက် သရုပ်ဆောင်ခ $65,000 ကိုလွန်ခဲ့တဲ့ ၂နှစ်က ရရှိခဲ့ပြီး Captain Phillips ကဒီလောက် အောင်မြင်ခဲ့ ပေမယ့် သူ့မှာ တခြား bonus တွေတစ်ပြားမှ မရရှိခဲ့ဘဲ Oscar ပွဲတက်ဖို့ ၀တ်စုံတောင် ငှားရမ်း ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက အခု LA ဘက်ကို ပြောင်းရွေ့ဖို့ ကြိုးစားနေပြီး သရုပ်ဆောင် အလုပ်ကို ဆက်လုပ်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ 


credit to dailymail




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top