iMyanmarHouse.com - Best Property Website for Myanmar
×

လည်ပင်းနာတာဟာ ဖျားနာတော့မယ် ဆိုတဲ့ ရှေ့ ပြေးလက္ခဏာပဲ။ လည်ပင်းနာပြီဆိုရင် အသံတွေ အက်လာမယ်။ အာခေါင်ခြောက်ပြီး နေရထိုင်ရခက်မယ်။

ဆေးခန်းပြေးပြီး ဆရာဝန်ဆီက ဆေးတောင်းပြီး မသောက်ချင်ရင် လွယ်ကူ ထိရောက် အကုန်အကျနဲတဲ့ နည်းလမ်းလေးပေးမယ်နော်…

ဆား (လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်) ကို အကြမ်းပန်းကန်လုံးထဲ ထဲ့ပြီး ရေနွေးနွေးလေးနဲ့ ဖျော်ပါ။

ဆားရည်နွေးနွေးလေးကို ပါးစပ်ထဲငုံပြီး ခေါင်းမော့ကာ လည်ချောင်းဝထိ ရောက်အောင် ပလုပ်ကျင်းပြီးမှ ထွေးချပါ။

ဒီလိုလုပ်ခြင်းဖြင့် လည်ပင်းရောင်တာ သက်သာစေပြီး လည်ချောင်းဝမှာ ရှိနေတဲ့ သလိပ်တွေ၊ ပိုးမွှားတွေဟာ ပျော်ဆင်းသွားမှာပါ။

ဒီလိုမျိုး ၅ခါစီ ပလုပ်ကျင်းပြီး တစ်နေ့ကို အနည်းဆုံး ၃ခေါက်လုပ်ရပါမယ်။

ဆားရည်ကိုပြုလုပ်ရာတွင် ရေနွေးကို အရမ်းကြီးပူအောင် မလုပ်မိဖို့နဲ့ ပလုပ်ကျင်းပြီးသား ရေကို မြိုမချမိဖို့ တော့ သတိထားပေးနော်။

လည်ပင်းနာနေသူဟာ ဆီကြော်တွေကို ရှောင်ရပါမယ်။ အကောင်းဆုံးကတော့ ကြက်သားပြုတ်ရည်လေးနဲ့ ထမင်းပူလေးကို ရောစားပါ။ မျိုချရတာလည်း လွယ်သလို အားအင်လည်း ပြည့်ဝစေပါတယ်။



အရေးကြီးတာ နောက်တစ်ချက်က ညဘက် စောစောအိပ်ပါ။ လည်ပင်းနာနေချိန်မှာ ပုံမှန်ထက် ပိုအိပ်လိုက်ပါ။

အထက်ပါနည်းအတိုင်း လုပ်ဆောင်ရင် လည်ပင်းနာတာ အမြန်ဆုံး ပျောက်ကင်းသက်သာမှာပါ။

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...

www.shwechitthu.com

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top