iMyanmarHouse.com - Best Property Website for Myanmar
×









တစ်နေ့တာ အချိန်များမှာ အသားအရေ အတွက် နေရောင်ခြည် လိုအပ်
သလို မလိုအပ်တာလည်း ရှိပါတယ်။ အချိန်တိုင်း နေရောင်ခြည်အောက်
မှာ ကျရောက်နေသူ အဖို့ကတော့ အသားအရေ စိုပြည်ဖို့ မလွယ်ကူပါ။

ဒါ့ပေမယ့် တစ်နေ့တာ အတွက် နေရောင်ခြည် လုံးဝ မခံစားရဘူး
ဆိုရင်လည်း ထိုအသားအရေသည် မကောင်းပါ။ အသားအရေ
တောက်ပြောင် စိုပြည်ဖို့အတွက် ဗီတာမင် D အထူးပင် လိုအပ်ပါတယ်။

မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီထိ နေရောင်ခြည်သည် အသားအရေကို
ထိခိုက်စေနိုင်ပြီး ဆိုးကျိုးလည် ပေးနိုင်ပါတယ်။ ဒါကြောင့် ထိုအချိန်များ
ကို ဖြစ်နိုင်ရင် ရှောင်ကျဉ်ပါ။ တစ်နေ့တာ ၆ မီးနစ်မှ ၈ မီးနစ် မနက်
၁၀ နာရီ မကျော်မီ ညနေ ၂ နာရီနောက်ပိုင်း နေရောင်ခြည် တစ်ကြိမ်ခန့်
ခံစားပေးသင့်ပါတယ်။ သို့မှသာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်D ကို ကောင်းစွာ ရရှိနိုင်ပါလိမ့်မယ်။

Credit : ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top