iMyanmarHouse.com - Best Property Website for Myanmar
×










မချစ်တတ်တော့တာ မဟုတ်ဘူး
အချစ်တစ်ခုကပေးသော ရက်စက်မှုကြောင့်
ကိုယ်ကိုတိုင်ထက် လူတစ်ယောက်ကို ချစ်ဖို့ ယုံကြည်ချက်မရှိတော့တာ
အမှတ်တရတွေကို နာကျင်နေတာမဟုတ်ဘူး
အမှတ်တရမှာ ရှိနေမယ့် လူတစ်ယောက်ကို နာကျင်နေခဲ့တာ
အလွမ်းဆိုတာ ပိတ်ကားပေါ်မှာပြတဲ့ ရုပ်ရှင်လောက် ကြည့်မကောင်းတာ
ကိုယ်တိုင် ခံစားရမှ ပိုနားလည်သွားတတ်တာမျိုးလေ
ပြီးဆုံးသွားပြီလို့ သက်သေပြနေသော အချစ်တစ်ခုနားမှာ
အချိန်အကြာကြီး ရပ်တန့်နေဖို့ မဖြစ်သင့်ဘူး
ကိုယ့်ကိုကိုယ် သွားရအုန်းမယ့် မနက်ဖြန်ကို စိတ်ဓါတ်ကြံခိုင်ဖို့တော့ လိုတာပေါ့

မျှော်လင့်ချက် သေးသေးလေးတွေကို ခေါက်သိမ်းလိုက်ပါ
နာကျင်ခြင်းတွေပါတဲ့ အလွမ်းတွေကို ခေါက်သိမ်းလိုက်ပါ
ပျော်စရာတွေပါသော အမှတ်တရတွေကို ခေါက်သိမ်းလိုက်ပါ
ဘ၀ထဲက ထုပ်ပယ်သင့်တဲ့သူကို ထုပ်ပယ်လိုက်ပါ
မဖြစ်မနေ လျှောက်လမ်းရမယ့် မနက်ဖြန်အတွက်
မေ့ပစ်သင့်တာကို မေ့ပစ် သိမ်းဆည်းသင့်တာကို သိမ်းဆည်းရင်း
နောက်ထပ် နောက်ထပ် ဖြစ်ပေါ်လာမယ့် အတိတ်တွေအတွက်
ဒီနေ့တွေကို လှပအောင် ထုဆစ်ရမယ် မဟုတ်လား . . . . . !

တစ်ချို့ အချစ်တွေဟာ တွေ့ဆုံပြီးနောက် တစ်သက်တာ သတိရစေမယ့်
အမှတ်တရအဖြစ်သာ ကံတရားက ဆုံးဆည်းခွင့်ပေးတတ်ကြတယ်မဟုတ်လား . . . . . !
အချိန်တစ်ခုမှာ အချစ်ကို
နက်ရှိုင်းစွာ မြတ်နိုးတွယ်တာဖူးတယ်။
ရူးမိုက်စွာ ယုံကြည်မျှော်လင့်ဖူးတယ်။
မိုက်မဲစွာ ပေးဆပ်ဖူးတယ် ဆိုတာ ကိုယ်ကိုတိုင်ထက် ဘယ်သူသိနိုင်ပါမလဲ !
တစ်ခါတစ်လေ
အချစ်ဆိုတဲ့ အရာကပဲ ကိုးကွယ်သူကို ရက်စက်ရင် ရက်စက်သလောက်
ဖြူစင်စွာ ချစ်တတ်သော နှလုံးသားကို
ခက်ထန်မာကြောအောင် ပြောင်းလဲသွားစေတတ်တယ် မဟုတ်လား !

Credit : La Min Kabyar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top