iMyanmarHouse.com - Best Property Website for Myanmar
×

ပျိုပျိုမေ တော်တော်များများ ပိန်ချင်ကြပါတယ်။ ဒါပေမဲ့ အရမ်းပိန်နေတဲ့ တချို့ တချို့ ကျတော့ ဝဝလှလှလေး ဖြစ်ချင်တယ်ဆိုလို့ နည်းလေးပေးပါရစေ။

ချက်ချင်းဝချင်လို့ ဆိုပြီး ဆီကြော်တွေ၊ ခရင်ခ်ပါတဲ့ မုန့်တွေ အများကြီး စားလိုက်ရင် အဆီပိတ်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

နည်းမှန်လမ်းမှန် ဝလာပြီး လှလှပပ ကျန်းကျန်းမာမာ နေထိုင်သွားဖို့ကို လိုလားရင်တော့ အောက်တွင် ဆက်ဖတ်ပါ။

မနက်စာ ဘယ်တော့မှ အပြတ်မခံပါနဲ့။ နေ့လည်စာ နဲ့ ညစာကိုလည်း အချိန်မှန်စားပါ။ ဒါအပြင့် လေးနာရီခြားတစ်ခါ အစာတစ်ခုခုစားပေးပါ။

ထမင်းစားတဲ့အခါ ခါတိုင်းစားတာထက် ၃လုပ်ပိုစားပါ။

အစားဂျီးမများပါနဲ့။ အစားအစုံစားပေးမှ အာဟာရဓာတ်မျိုးစုံရမှာပါ။ Mutivitamin လိုမျိုး အားဆေးစားပေးပါ။ ဒါမှမဟုတ် ဆေးဆိုင်မှာ မေးပြီး အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့ အားဆေးစားပေးပါ။

၆လ တစ်ခါ သန်ချပေးပါ။ ဗိုက်ထဲမှ သန်ကောင်တွေ ရှိနေရင် စားသလောက် ဝမှာ မဟုတ်ပါဘူး။

အသားဖြစ်စေတဲ့ ထမင်း၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲ ၊ အာလူး ၊ ကြက်ဥ တို့ကို များများစားပေးပါ။ သတိရတိုင်း ရေများများ သောက်ပေးပါ။ ညအိပ်ခါနီးမှာ နွားနို့၊ ပဲနို့ ၊ မိုင်လို ၊ အိုဗာတင်း၊ MilkShake ဖျော်ရည် အစရှိသဖြင့် တခုခု သောက်ပြီးမှ အိပ်ပါ။

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...

ပျိုမေတို့အတွက် ရွှေချစ်သူ
www.shwechitthu.com


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top