iMyanmarHouse.com - Best Property Website for Myanmar
×













လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာမျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေကလည်း အဆွဲဆောင်ဆုံး ဖြစ်ပါသတဲ့။

အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ
သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာသဘာဝအလှကို ဂရုစိုက်ပေးဖို့ အချိန်အခက်အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှအလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါတယ်။

 ဒါကြောင့် ရံဖန်ရံခါမှာနှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေးရပါတော့တယ်။ ဒါမှလည်းကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးအများစုဟာနှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာကိုတွေ့ရပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကိုပိုင်ဆိုင်လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။

- လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ
သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ်ခမ်းနီဆိုးတာရပ်လိုက်ပါ။

ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်းသို့မဟုတ် ထောပတ်အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှနှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။တတ်နိုင်ရင်တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီဆိုးတာ အကောင်းဆုံးပါ။

နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင်နှင်းဆီပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီးလို့ခေါ်တဲ့ ထောပတ်တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ်ခမ်းသားလေးတွေပေါ် ၁နာရီခန့်လိမ်းထားပေးပါ။ ပြီးနောက် ရေနဲ့ဆေးချပစ်ပါ။

ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။
နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာနှုတ်ခမ်းလေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ညစဉ် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါတယ်။

ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွားပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။
လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား

သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေစိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့်နှုတ်ခမ်းသားလေးတွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။

နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီးနှုတ်ခမ်းလေးတွေပေါ် တစ်နေ့ကို ၃ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်းပေးပါ။ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ်ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာသမသွားအောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ညမအိပ်ခင် Lip Balmလိမ်းပေးပါ။နှုတ်ခမ်းတွေမဲခြောက်လာပါကသံပရာရည်ကိုဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်း အားသုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။

နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်းတစ်ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်းသားတွေ ခြောက်သွေ့မနေအောင်ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။

Credit: shwebeauty.com

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top