မတူညီသော မယား...
လူတစ်ယောက်မှာ မိန်းမ လေးယောက် ရှိပါတယ်။ သူအချစ်ဆုံး ကတော့ စတုတ္ထမြောက် မယား ဖြစ်ပြီး သူမကို အမြဲ ဦးစားပေး၊ အကောင်းဆုံး ကိုပဲ ပေးပါတယ်။ တတိယ မယားကို ချစ်တော့ ချစ်ပါတယ်။ သူငယ်ချင်း တွေနဲ့ အမြဲ မိတ်ဆက် ပေးလေ့ ရှိတာကြောင့် သူ့ဆီက ထွက်ပြေး သွားမလား ဆိုပြီး စိတ်လည်း ပူပါတယ်။ ဒုတိယ မယားကိုလည်း အချစ်မလျော့ ပါဘူး။ သူအခက်အခဲ ကြုံတိုင်း သူမဆီသွားပြီး အကြံဥာဏ်တောင်း၊ သူမကလည်း ၀ိုင်းကူ ဖြေရှင်းလေ့ ရှိပါတယ်။ ပထမဆုံး မယားကြီး ကိုတော့ သူက မချစ်ပါဘူး။ ဒါပေမယ့် မယားကြီး ကတော့ သူ့ကို အရမ်းချစ်ပြီး၊ သစ္စာရှိရှိနဲ့ အမြဲ စောင့်ရှောက် ပါတယ်။ တစ်ရက်မှာ အဲ့လူက ဖျားပြီး သူ့ကိုယ်သူ သေတော့မယ် ဆိုတာ သိပါတယ်။
ဒါကြောင့် သူ့မယား ၄ယောက်ထဲက တစ်ယောက်ကို သူ့နောက် လိုက်ခဲ့ဖို့ တောင်းဆို ပါတယ်။ စတုတ္ထ မယားက ပြတ်ပြတ်သားသား ပါပဲ။ မလိုက်နိုင် ပါဘူးလို့ ပြောပြီး သူမ ထွက်ခွာ သွားပါတယ်။ တတိယ မိန်းမကတော့ ဘ၀ဆိုတာ ပျော်ဖို့ ကောင်းပါတယ်။ ရှင်မရှိ တော့ရင် နောက်တစ်ယောက် ထပ်ရှာရုံပေါ့လို့ ဆိုပါတယ်။ ဒုတိယ မယားက တောင်းပန် ပါတယ်ရှင်။ ဒီတစ်ခါတော့ ရှင့်အခက် အခဲကို မဖြေရှင်း ပေးနိုင်တော့ ပါဘူးလို့ ဆိုပါတယ်။ သူအရမ်း ဂရုစိုက် ခဲ့တဲ့ မယားတွေ ကိုယ်တိုင်က အဲ့လို ဆိုတဲ့ အခါ သူတော်တော် စိတ်ဓာတ်ကျ သွားပါတယ်။ အဲ့အချိန်မှာ ပထမ မယားကြီးက ရှင်ဘယ်သွားသွား ကျွန်မ လိုက်ခဲ့ပါမယ်လို့ အသံတိုးတိုးလေးနဲ့ ဆိုပါတယ်။ ဒီတစ်ခါမှ သူမကို ပထမဆုံး အကြိမ် သေချာ ကြည့်မိပါတယ်။ သူမရဲ့ ခန္ဓာကိုယ်က ဖြူဖျော့ နေပြီး အားလုံးထဲမှာ အပိန်ဆုံးပါ။ အဲ့အချိန်မှာ သူ့ရဲ့ စိတ်တွေ ပြိုဆင်းသွား ပါတော့တယ်။ သူမကို ကောင်းကောင်း ဂရုမစိုက် မိတာကို တော်တော် နောင်တ ရသွား ပေမယ့်လည်း အရာအားလုံးက နှောင်းသွား ခဲ့ပါပြီ။
တကယ်တော့ လူတိုင်းမှာ မယား၎ယောက် ရှိပါတယ်။ စတုတ္ထ မိန်းမက ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ပါ။ ဘယ်လောက်ပဲ ကြည့်ကောင်းအောင် လုပ်လုပ် တစ်ချိန်ချိန်မှာ အလှတွေ ပျက်သုန်း သွားရတာ ပါပဲ။ တတိယ မိန်းမက ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု၊ ဥစ္စာဓနပါ။ သေတဲ့ အခါ ကိုယ့်နောက် မပါဘဲ သူများဆီ ရောက်သွား ပါတယ်။ ဒုတိယ မိန်းမက ကျွန်တော်တို့ရဲ့ အပေါင်းအသင်း၊ သူငယ်ချင်း တွေပါ။ ဆိုးတူ ကောင်းဖက် တူတူ ရှိခဲ့ပေမယ့် သေဆုံးချိန်မှာ တစ်ကိုယ်တည်း သွားရတာ ပါပဲ။ ပထမ မယားကြီးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်၊ ၀ိညာဉ်ပါ။ ရုပ်ဝတ္ထု ပစ္စည်း တွေနောက်ကို လိုက်ရင်း ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်က ပျောက်ဆုံး နေပြီး သေဆုံးအံ့ ချိန်ကို ရောက်မှ နောင်တ ရပါတော့တယ်။
Credit : thinker's paradise
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...