ကောလာဟလဖြေရှင်းမည့် ကိုယ်စားလှယ်ခန့်အပ်လိုက်သည့် တေလာဆွစ်ဖ်
သတင်းတု သတင်းယောင်များ ပျံ့နှံ့မှု မြန်လွန်းသည် ယနေ့ခေတ် မီဒီယာ ရေစီးကြောင်းတွင် ကောလာဟလများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းသွားရန်အတွက် ထရီက တေလာ့ကိုယ်စား တာဝန်ယူသွားမည် ဖြစ်သည်။
သူမနှင့် ပတ်သက်သည့် မဟုတ်မမှန် သတင်းများကို ဖြေရှင်းနိုင်မည့် လူစွမ်းကောင်း တစ်ဦးကို တေလာဆွစ်ဖ် အနေဖြင့် ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။ 22 အဆိုတော်သည် မတ်လက သူမ၏ ကိုယ်ရေးအရာရှိ ပေါ်လာအဲရစ်ခ်ဆန်နှင့် လမ်းခွဲထားခဲ့ပြီး ယခုအခါ အဆိုပါနေရာတွင် ထရီပိုင်နေးကို အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။ သတင်းတု သတင်းယောင်များ ပျံ့နှံ့မှု မြန်လွန်းသည် ယနေ့ခေတ် မီဒီယာ ရေစီးကြောင်းတွင် ကောလာဟလများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းသွားရန်အတွက် ထရီက တေလာ့ကိုယ်စား တာဝန်ယူသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထရီအနေဖြင့် သူမသည် တေလာအတွက် အလုပ်လုပ်နေကြောင်း သတင်းကို အတည်ပြုခဲ့ပြီးနောက် Twitterမှတစ်ဆင့် သတင်းမှား၊ သတင်းမှန်များကို ပြန်လည် စိစစ်အတည်ပြုမှု၊ ငြင်းဆိုမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ထရီသည် နာမည်ကျော်များအတွက် ပရိသတ်နှင့် ဆက်ဆံရေး ကဏ္ဍကို တာဝန်ယူပေးမည့် လုပ်ငန်းသစ် တစ်ခု Premium PRဆိုသော အမည်ဖြင့် ဖွင့်လှစ်ထားသည်။ သူမသည် နာမည်ကျော် ဖောက်သည်တစ်ဦးကို ရရှိသွားခဲ့ပြီဟု New York Post သတင်းစာက စတင်ရေးသားခဲ့ပြီး ယင်းသတင်းကို ထရီကိုယ်တိုင်ကလည်း Twitterတွင် မျှဝေကာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။
ထရီက “တေလာအတွက် နယူးယော့ခ်၊ လော့စ်အန်ဂျလိစ်နဲ့ နက်ရှ်ဗီးလ်တို့မှာ ကိုယ်စားလှယ် မရှိသေးဘူး။ ဒီအချိန်မှာ တေလာ့လို ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ရယ်၊ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ အရည်အသွေး မြင့်မားတဲ့ စီမံရေးရာအဖွဲ့ရယ်နဲ့ ပူးပေါင်းရမယ့် အခွင့်အရေးကို ကျွန်မ လက်လွှတ်မခံနိုင်ဘူးလေ”ဟု မှတ်ချက်ပြုခဲ့သည်။ သူမသည် ဧပြီလ (၂၀)ရက်နေ့မှ စတင်ကာ တေလာနှင့် ပတ်သက်ပြီး သတင်းမှားများကို ထောက်ပြငြင်းဆိုသည့် လုပ်ငန်းများ အားစိုက်ခွန်စိုက် ဆောင်ရွက်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် National Enquireက တေလာသည် သူမ၏ အနုပညာဘဝတွင် အထောက်အကူ မဖြစ်နိုင်တော့သူများကို ယခင်ကျေးဇူး ရှိခဲ့သည့်တိုင် ကျောခိုင်းသွားတတ်ကြောင်း စွပ်စွဲရေးသားမှုမျိုးကို ထရီက “ဒီကိစ္စက (၁၀၀)ရာခိုင်နှုန်း မှားယွင်းပါတယ်။ National Enquireကို ဘယ်သောအခါမှ မယုံပါနဲ့”ဟု Twitterမှတစ်ဆင့် တုံ့ပြန် ဖြေရှင်းခဲ့ကြောင်း သိရှိရသည်။
Credit:Myawady News
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...