iMyanmarHouse.com - Best Property Website for Myanmar
×

ချောရတနာက မွေးဖွားဖို့ ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တော့ အစစအရာရာ သတိထား အာရုံစိုက် ပြီး နေ ထိုင်ဖြစ်နေတယ် လို့ သိရပါ တယ်။ ဧပြီ ၇ ရက်နေ့မှာ ဝိတိုရိယ ဆေးရုံကြီး မှာမွေးဖွားမှာ ဖြစ်ကြောင်း ပြောပြလာတဲ့ ချောရတနာက..

“ချောက ဧပြီလ ၇ ရက်နေ့ မွေးဖို့တော့ စီစဉ်ထားတယ်။ ကြား ထဲမှာ ၁ဝ ရက်ပဲ လိုတော့တယ်။ မွေးဖွားရက် ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ အတတ်နိုင်ဆုံး အရင်ကထက်ပိုပြီး အစားအသောက် တွေရော၊ အစစအရာရာ ဂရုစိုက် ဖြစ်တယ်။ ဆရာမကလည်း အခု ရက်ပိုင်း လမ်းလေး နည်း နည်း လျှော က် ပေး ဆိုတော့ လမ်းလျှောက်ဖြစ်တယ်။ ကိုယ်ကလည်း အပြင်တွေ ဘာတွေ သွားဖြစ်နေတော့ လမ်းကတော့ ပုံ မှန်လျှောက်ဖြစ်တယ်။ မွေးဖွားရက် လည်းနီးလာပြီ။ ချောက ဝိတို ရိယ ဆေးရုံမှာပဲ မွေးမှာပါ။

ဆရာမကြီး ဒေါ်ခင်လေးကြွယ်က မွေးပေးမှာပါ။ ဆရာမကတော့ ဧပြီ ၁ ရက်နေ့ ကနေ ဧပြီ ၇ရက်နေ့ အထိတော့သတ်မှတ် ပေးထားတယ်။ ချောလည်း နောက်ကျတဲ့ရက်မှာပဲ မွေးချင်တယ်။ နောက်ပြီးတော့လည်း ၇ ရက်နေ့က အကုန်လုံး ကကောင်းမယ် ထင်ပြီးတော့ ရွေးလိုက် ကြတာ နဲ့ မွေး ဖို့ဖြစ်သွား တာပါ”လို့ ပြောပါတယ်။

  မွေးဖွားရမှာ စိတ် လှုပ်ရှားပေမယ့်လည်း ကိုယ့်သားလေး ရဲ့ မျက်နှာကို တွေ့မြင်ရမှာမို့ ကြောက်စိတ် တွေ ပျောက်ပြီး ကလေး အတွက် ကြိုတင်ပြင်ဆင် မှုတွေ လည်း ပြုလုပ် ထားတယ်လို့ ချောရတနာ က ဆိုပြန်ပါတယ်။

“စိတ်လှုပ်ရှားမှု ကတော့ သူ့ကိုလည်းချောတို့ နှစ်ယောက်စလုံးက တအား ကို မြင်ဖူးချင်နေပြီ။ ကိုယ်ဝန်ကလည်း လရင့်လာပြီ ဆိုတော့ ချောအမျိုးသားက လည်းဂရု စိုက်ပေးပါတယ်။ မွေးဖွားရမှာ ကြောက်တယ် ဆိုပေမယ့်လည်း ကိုယ့်ရင်သွေးလေး ရဲ့ မျက်နှာ ကိုမြင်ရမှာဆိုတော့ ကြောက်တဲ့ စိတ် တွေ ကတော့ တအားကြီး မရှိပါဘူး ။မွေးဖွားပြီး ရင်တော့ ချော ရင်သွေးရဲ့ အချင်းသွေးနဲ့ အချင်းတိုင်ကို ABC Medical Service က တာဝန်ယူပြီးတော့ သိမ်းပေး ဖို့ချောတို့က ချိတ်ထားတယ်။ ကလေး အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ အဲဒီလိုမျိုးလေးတွေတော့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။




ဖိုးသူတော် (www.phothutaw.com)
Credit:
Popular Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top