iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနုပညာဖျော်ဖြေပွဲ နောက်ဆုံးနေ့တွင်ပါဝင်သော အမျိုးသမီးလူငယ်အဆိုရှင်ငါးဦး၏ လူရွှင်တော်အဖြစ် ဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကို ကြိုက်နှစ်သက်သူများရှိသလို ၎င်းတို့၏ အမှုအရာများနှင့်ပတ်သက်၍ ဝေဖန်သူများလည်းရှိခဲ့သည်။

စန္ဒီမြင့်လွင်၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း၊ မိစန္ဒီ၊ Bobby Soxer တို့က လူရွင်တော်အဖြစ် တင်ဆက်ခြင်းဖြစ်ပြီး ပြက်လုံးများကို သီချင်းများဖြင့် သီဆိုတင်ဆက်သည့် အစီအစဉ်တွင် အင်တာနက်နှေးသည့်ကိစ္စ၊ မီတာခတိုးတောင်းသည့်ကိစ္စ၊ လမ်းမကောင်းသည့်ကိစ္စ၊ ပါးရိုက်သည့်ကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စများကို တင်ဆက်ပေးခဲ့ရာ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသည်။

ထို့အပြင် ရုပ်သံလိုင်းအချို့တွင် ထုတ်လွှင့်လျက်ရှိသော အစီအစဉ်များကို သရော်သည့်ပုံစံဖြင့် တင်ဆက်ခဲ့သော ဗြဲလျန်းကော်လက်ရှင်အစီအစဉ်၊ အကြော်သည်အကယ်ဒမီအစီအစဉ်များကိုလည်း ပရိသတ်များအားပေးခဲ့ကြသည်။

ေ  နောက်ဆုံးတင်ဆက်သည့် အကြော်သည်အကယ်ဒမီအစီအစဉ်တင်ဆက်မှုကို သဘောကျသော်လည်း သရုပ်ဆောင်သွားသည့် အမူအရာအချို့မှာ မိန်းကလေးများအနေဖြင့် မသင့်တော်ကြောင်း အမျိုးသမီးပရိသတ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

‘‘အစ်မတို့နဲ့ အသက်ကွာလို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ လူငယ်အချင်းချင်းအတွက်ဆို ဘာမှမဖြစ်ပေမယ့် တချို့စကားလုံးတွေနဲ့ အမူအရာတွေက နည်းနည်းရိုင်းတယ်လို့ထင်တယ်’’ဟု တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုခဲ့သည့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

၎င်းတို့၏ ဖျော်ဖြေမှုအစီအစဉ်နှင့်အတူ တင်မောင်ဆန်းမင်းဝင်းက ကပြဖျော်ဖြေပြီး မေတင်မောင်ဆန်းမင်းဝင်း၊ မေကဗျာနှင့် ဆန်းသစ်လတို့ကလည်း ထိုင်းရိုးရာအကများဖြင့် တင်ဆက်ကပြခဲ့သည်။

‘‘ဒီပွဲကြည့်ရတာ တော်တော်တန်တယ်။ ရယ်လည်းရယ်ရတယ်။ ပိုက်ဆံကလည်း ၀င်ကြေးပဲကုန်တယ်’’ဟု ကမာရွတ်မြို့နယ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနုပညာဖျော်ဖြေပွဲကို မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံမှ အနုပညာရှင်တစ်ရာကျော် ပါဝင်ဖျော်ဖြေပေးခဲ့သည်။

Credit: 7 Day News Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top